ဟစ်ဇ်ဘိုလာခေါင်းဆောင် နာစရယ်လာကို သတ်နိုင်ခဲ့ကြောင်း အစ္စရေးက ကြေညာခဲ့ပါတယ်။
အစ္စရေးတို့ ဘီရွတ်မြို့တောင်ပိုင်းကို တိုက်ခိုက်ခဲ့မှုအပြီး ၁ ရက်အကြာမှာ နာစရယ်လာကို သတ်နိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်ရဲ့ တာဝန်ရှိသူ တဦးက ပြောဆိုခဲ့တာပါ။
နာစရယ်လာဟာ ဟစ်ဇ်စဘိုလာအဖွဲ့မှာ ၃၂ နှစ်ကြာ ဦးဆောင်ခဲ့သူဖြစ်ပြီး အီရန်ရဲ့ ထောက်ခံမှု ရရှိထားသူဖြစ်ပါတယ်။
လက်ရှိအချိန်ထိတော့ အီရန်နဲ့ ဟစ်ဇ်ဘိုလာတို့က နာစရယ်လာ အသတ်ခံရမှုနဲ့ပတ်သက်ပြီး မှတ်ချက် ပေးတာမျိုး မရှိသေးပါဘူး။
“ဟစ်ဇ်စဘိုလာ အကြမ်းဖက်အဖွဲ့ခေါင်းဆောင် နာစရယ်လာကို ရှင်းလင်းပြီး ပါပြီ။ နာစရယ်လာ ဟာ ကမ္ဘာကို ဒုက္ခ ထပ်မပေးနိုင်တော့ဘူး” လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ အေဒရီးက လူမှုကွန်ယက်X မှာ ရေးထားပါတယ်။
အစ္စရေးဟာ ဘေရွတ်မြို့တောင်ဘက်နဲ့ လက်ဘနွန်ရှိအခြားနေရာတွေကိုလည်း စနေနေ့က လေကြောင်းတိုက် ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
နောက်တစ်နေ့မှာပဲ ဒါဟီယက်ဆင်ခြေဖုန်းဒေသတွေကို ကြီးမားတဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ ပါသေးတယ်။
Source-Reuters