Home
မြန်မာသတင်း
ဒေါ်လာဈေး ထပ်ကျ၊ ကုန်ဈေးနှုန်း ကြီးမြင့်ဆဲ
DVB
·
October 1, 2024
dollor_01102024

စစ်ကောင်စီဗဟိုဘဏ်က အမေရိကန် ဒေါ်လာ ၁၃ သန်းကျော် စက်တင်ဘာ ၃၀ ရက်မှာ ထုတ်ရောင်းပြီးနောက် အမေရိကန်ဒေါ်လာဈေး ထပ်မံကျဆင်းလာပါတယ်။

အမေရိကန်ဒေါ်လာလဲလှယ်နှုန်းက စက်တင်ဘာ ၂၈ ရက်က ၁ ဒေါ်လာလျှင် ၄၈၅၀ ကျပ် ဝန်းကျင်ရှိရာကနေ ဒီနေ့မှာ ၄၇၂၀ ကျပ်ဝန်းကျင်အထိ ဈေးထပ်ကျလာကြောင်း ဒေါ်လာငွေလဲလှယ်ရေးလုပ်ကိုင်သူ‌တွေထံက သိရပါတယ်။

ဗဟိုဘဏ်က Online Trading platform မှာ အမေရိကန်ဒေါ်လာ  ၁၃ သန်းကျော်ကို ငွေလဲနှုန်း ၃၅၂၉ ကျပ်နဲ့ မနေ့က ထုတ်ရောင်းပေးခဲ့တာပါ။ တရုတ်ယွမ် ၂ သန်းနီးပါးကိုလည်း ဗဟိုဘဏ်  ထုတ်ရောင်းခဲ့ပါတယ်။

ဒေါ်လာဈေးက ဩဂုတ်လလယ်ပိုင်းကစပြီး အကျဘက်ကို တဖြည်းဖြည်းဆင်းလာခဲ့ရာမှာ ကျပ် ၅၀၀၀ အောက်အထိ  ရောက်ရှိလာပါတယ်။

လက်ရှ်ိမှာ  အမေရိကန်ဒေါ်လာဈေးအပြင် တရုတ်ယွမ်ငွေက ၆၆၀ ဝန်းကျင်၊ ထိုင်းဘတ်ငွေက ၁၄၀ ကျပ်ဝန်းကျင်အထိ ကျဆင်းလာပြီဖြစ်ပေမဲ့ ကုန်ပစ္စည်းအများစုကတော့ ဈေးနှုန်း ပြန်ကျဆင်းခြင်း မရှိသေးပါဘူး။

ရန်ကုန်မြို့ခံတယောက်က “ငွေဈေးတွေသာ တော်တော်များများ ပြန်ကျလာတာ၊ ကုန်ပစ္စည်း အများစုကတော့ ဈေးပြန်မကျသေးဘူး။ တချို့တလေပဲ ဈေးပြန်ချရောင်းလာတာ တွေ့ရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လလယ်ပိုင်းကနေ စက်တင်ဘာလကုန်အထိ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၃၀၀ ဝန်းကျင်အထိ ထုတ်ရောင်းထားတယ်လို့ သိရပါတယ်။

အလားတူ ဗဟိုဘဏ်အနေနဲ တရုတ်ယွမ်နဲ့ ထိုင်းဘတ်တွေကိုလည်း အဲဒီ နှစ်လတာအတွင်း  ခပ်စိပ်စိပ် ထုတ်ရောင်းထားတာကို တွေ့ရှိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013