Home
နိုင်ငံတကာ
ဘန်ကောက်တွင် ကျောင်းကား ၁ စီး မီးလောင်၊ ကျောင်းသားနှင့်ဆရာ ၂၀ ကျော် ပျောက်ဆုံး 
DVB
·
October 1, 2024
photo Crd-Sirote Klampaiboon

ထိုင်းနိုင်ငံ ဘန်ကောက် ရန်းဆစ်နယ်မြေ  ဝိဖားဝဒီရန်းဆစ်လမ်းမကြီးပေါ်မှာ အောက်တိုဘာ ၁ ရက် ဒီကနေ့မွန်းလွဲပိုင်းက လေ့လာရေးခရီးထွက်လာတဲ့ ကျောင်းကားတစီး မတော်တဆမီးလောင်မှုဖြစ်ပွားပြီး ကားပေါ်ပါလာသူ ၂၀ ကျော်ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။ 

အဆိုပါကားပေါ်မှာ ဝပ်ခေါဝ်ဖရယားစာသင်ကျောင်းမှ ကျောင်းသူကျောင်းသား ၃၃ ယောက်နဲ့ ဆရာဆရာမ ၆ ဦး လိုက်ပါလာပြီး ထိုင်းအလယ်ပိုင်း ဥထိုင်းဌာနီက နေထွက်ခွလာတယ်၊ ဘန်ကောက်အဝင် ဝိဖားဝဒီရန်းဆစ်လမ်းမကြီးပေါ်မှာ မတော်တဆဖြစ်ပြီး ကားမီးလောင်သွားတာလို့  အခင်းဖြစ်ပွားရာနေရာကို ချက်ချင်းလာရောက်စစ်ဆေးနေတဲ့ ထိုင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးဝန်ကြီး ဆူရိယ ကျန်ရုန့်ရိန်းကစ်က သတင်း ထောက်တွေကို ပြောပါတယ်။ 

ကနဦးမှာ ဆရာ ၃ ဦးနဲ့ ကျောင်းသား ၁၆ ဦး ကားပေါ်က ထွက်ပြေးလွတ်မြောက်လာတယ်၊ ၂၂ ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး ထွက်ပြေးလွတ်မြောက်ထဲပါတာလား ဒါမှမဟုတ် ကားထဲပိတ်မိနေတာလား အတည်မပြုနိုင်သေးတာကြောင့် ကားမီးလောင်နေဆဲမို့ စစ်ဆေးလို့မရ သေးဘူးလို့  ဝန်ကြီးက ပြောပါတယ်။ 

ဒဏ်ရာရသူတွေကို ဆေးရုံအမြန်ဆုံးပို့ဆောင်နိုင်ဖို့ ကယ်ဆယ်ရေးအဖွဲ့တွေ ဆောင်ရွက်နေတယ်၊  မတော်တဆဖြစ်ရတဲ့အကြောင်းမှာ အဆိုပါဘတ်စ်ကားမှာ ဘေးကကားကို တိမ်းရှောင်စဉ် လမ်းဘေးပလက်ဖောင်းအုတ်ခုံကို ဝင်ပွတ်တိုက်မိတယ်၊ ပွတ်တိုက်မှုမှာ ဂက်စ်အိုးကိုပါ ထိသွားပြီး ပေါက်ကွဲသွားတယ်လို့ အကြမ်းဖျင်းသိရတယ်၊ အသေးစိတ်ကို ဆက်ပြီးစုံစမ်းနေတယ်၊  CNG အမျိုးအစား Gas ကို အသုံးပြုတဲ့ကားတွေ မကြာခဏ မတော်တဆ ပေါက်ကွဲမီးလောင်တတ်တော့ ဒီဂက်စ်အမျိုးအစား ပိတ်ပင်သင့်/မသင့် ပြန်လည်သုံးသပ်ရမယ်လို့ ဝန်ကြီးက ပြောသွားပါတယ်။ 

လူမှုကွန်ရက်သတင်းတွေမှာတော့ ကားပေါ်မှာ လူ ၁၀ ယောက်ထက်မနည်းသေဆုံးတယ်၊ မူလ တန်းကျောင်းသားလေးတွေလို့ ဖော်ပြကြပါတယ်။ 

ကိုးကား  - Amarin TV live 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024