မန္တလေးတိုင်း၊ ညောင်ဦးမြို့က နှစ် ၁၀၀ ကျော်သက်တမ်းရှိတဲ့ ဘုန်းကြီးကျောင်း မီးလောင်ပြီး အကုန် ပျက်စီးသွားတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂၁ ရက် ည ၈ နာရီ ၁၂ မိနစ်က ငှက်ပစ်တောင်ဘုရားနားမှာ မီးလောင်မှုဖြစ်တယ်လို့ သတင်းရတာကြောင့် ညောင်ဦးခရိုင်နဲ့ မြို့နယ်က မီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တွေ၊ မီးသတ်နဲ့ ရေသယ်ယာဉ်တွေ၊ တခြားအသင်းအဖွဲ့တွေက ရေသယ်ယာဉ်တွေအပါအဝင် စုစုပေါင်း ကား ၁၈ စီးနဲ့ သွားရောက်ငြှိမ်းသတ်ခဲ့တယ်လို့ ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့က ဆိုပါတယ်။
ငှက်ပစ်တောင်အရပ်မှာရှိတဲ့ ငှက်ကြီးခေါင်းချကျောင်းတိုက်ထဲက သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း ၂ ထပ် ကျောင်းဆောင် မီးလောင်နေတာဖြစ်ပြီး ည ၈ နာရီ ၂၉ မိနစ်မှာ မီးငြှိမ်းနိုင်တယ်လို့ ဆိုပါတယ်။
သတင်းရရချင်း ၃ မိနစ်အတွင်း ရောက်ခဲ့ပေမဲ့ ရေနံဝနေတဲ့ သစ်သားကျောင်းဆောင် ဖြစ်တာကြောင့် မီးကူးစက်တာမြန်ပြီး ရောက်တဲ့အချိန်မှာပဲ ကျောင်းဆောင်တခုလုံး လောင်ကျွမ်းနေပြီဖြစ်သလို ကျောင်းတခုလုံး မီးလောင်ကျွမ်းပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
လူနဲ့ တိရစ္ဆာန်တွေ ထိခိုက်မှုမရှိဘူးလို့လည်း ဆိုပြီး မီးပြတ်ချိန်မှာ အဲဒီကျောင်းမှာ သီတင်းသုံးတဲ့ သံဃာတပါးက ဖယောင်းတိုင်းထွန်းတာကနေ မီးလောင်သွားခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။
ဓာတ်ပုံ - ညောင်ဦးမီးသတ်