ဂရိနိုင်ငံရဲ့ ဒုတိယအကြီးဆုံး ရေနံချက်စက်ရုံမှာ စက်တင်ဘာ ၁၇ ရက်က မီးလောင်ပြီး ညနေခင်းကောင်းကင်ကို အနက်ရောင် မီးခိုးလုံးတွေ ဖုံးလွှမ်းသွားတာကြောင့် အလုပ်သမားတွေကို ဘေးကင်းရာ ရွှေ့ပြောင်းခဲ့ရတယ်လို့ အာဏာပိုင်တွေနဲ့ ကုမ္ပဏီက ပြောပါတယ်။
အေသင်မြို့အနောက်ဘက် ၄၄ မိုင်အကွာမှာရှိတဲ့ ဂရိကုမ္ပဏီ Motor Oil MORr.AT က စီမံခန့်ခွဲတဲ့ ရေနံချက်စက်ရုံမှာ မီးသတ်သမားတွေက ပြင်းပြင်းထန်ထန် မီးငြှိမ်းသတ်နေတဲ့ ဗီဒီယိုကို ရိုက်တာသတင်းဌာနက ရိုက်ကူးထုတ်လွှင့်ခဲ့ပါတယ်။
မီးသတ်တပ်ဖွဲ့ဝင်တွေဟာ အခင်းဖြစ်တဲ့ နေရာဆီကို ရဟတ်ယာဉ် ၃ စီးနဲ့ မီးသတ်ကား ၁၁ စီး စေလွှတ်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။
ရေနံချက်စက်ရုံ အလုပ်သမားတွေကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူး လို့ မိခင်ကုမ္ပဏီ Motor Oil က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
ရေနံချက်စက်ရုံနားက အဝေးပြေးလမ်းကို ဒေသခံအာဏာပိုင်တွေက ပိတ်ထားပြီး ရထားကုမ္ပဏီက ရထားတွေကို ရပ်နားထားတယ်လို့ ပြောပါတယ်။
Source-Reuters