ရန်ကုန်၊ ပန်းပဲတန်းမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ဗိုလ်ချုပ်ဈေး(စကော့စျေး) အနောက်ဘက်တန်းဈေးရုံထဲက ပြင်ဆင်ဆဲဆိုင်ခန်းတခန်းမှာ စက်တင်ဘာ ၁၃ ရက် မနေ့ည ၈ နာရီကျော်က မီးလောင်ခဲ့တယ်လို့ သိရပါတယ်။
မီးသတ်တပ်ဖွဲ့နဲ့နီးစပ်သူတယောက်က “ဆိုင်ခန်းထဲက CCTV Camera ကို ချိတ်ဆက်ထားတဲ့ UPS အပူလွန်ကဲပြီး မီးလောင်တာပါ။ ဆိုးဆိုးရွားရွားတော့မဖြစ်ပါဘူး။ ဆိုင်တာဝန်ခံကိုတော့ သက်ဆိုင်ရာက ဥပဒေအတိုင်း ဆောင်ရွက်ဖို့ရှိပါတယ်” လို့ ပြောပါတယ်။
အဲဒီမီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၁ စီး၊ သန္ဓေနဲ့ အရန် မီးသတ်တပ်ဖွဲ့ဝင်အယောက် ၄၀ ကျော်နဲ့ ၅ မိနစ်ကြာလောက် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရတယ်လို့ သိရပါတယ်။
မီးလောင်မှုကြောင့် ဆိုင်တာဝန်ခံအသက် ၃၅ နှစ်အရွယ် အမျိုးသားကိုတော့ ပန်းဘဲတန်း မြို့မရဲစခန်းက ပေါ့ဆမီးအသုံးပြုမှု ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်ထားကြောင်း ရဲစခန်းမှတ်တမ်းတွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇန်နဝါရီလလယ်ပိုင်းက ဗိုလ်ချုပ်အောင်ဆန်းဈေးက ဂါဝန်ဆိုင်တခုမှာ ဝါယာရှေ့ဖြစ်ပွားရာက မီးလန့်မှု ဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။