Home
မြန်မာသတင်း
ဒေါပုံတွင် နေအိမ်နှင့်တိုက်ခန်း မီးလောင်ပြီး လူ ၂ ဦးဒဏ်ရာရ
DVB
·
September 5, 2024
Photo Crd-အကြင်နာကုသိုလ်ပြုအသင်း၊ သာကေတအသင်း

ရန်ကုန်တိုင်း ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းစံရပ်ကွက်၊ ဗိုလ်ဆွန်ပက်လမ်းမှာ စက်တင်ဘာ ၄ ရက် ည ၇ နာရီလောက်က Level 1 အဆင့် မီးလောင်ခဲ့တာကြောင့် အိမ် ၂ လုံးနဲ့ တိုက်ခန်း ၁ ခန်း ပျက်စီးခဲ့သလို လူ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အရပ်ဘက်ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ 

မီးစ‌လောင်တဲ့ သွပ်မိုးပျဥ်ကာအိမ်မှာ ဖယောင်းတိုင်ကနေ အိပ်ရာနဲ့ စောင်တွေကို မီးကူးစက်ရာမှ စတင်ခဲ့တာဖြစ်ပြီး ဘေးကပ်ရက်ရှိ သွပ်မိုးပျဉ်ကာအိမ်တလုံးနဲ့ ၆ ထပ်တိုက်ရဲ့ ၃ လွှာထဲကိုပါ လောင်ကျွမ်းနေခဲ့တာပါ။ 

ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက “အသက် ၃၀ ကျော် အမျိုးသား ၂ ဦး ဒဏ်ရာရတယ်။ တယောက်က ခေါင်းပေါက်ပြဲ၊ နောက်တယောက်က လက်တွေ ရှသွားတာ။ စိုးရိမ်စရာတော့ မရှိပါဘူး။ မီးလောင်တာက ဖယောင်းတိုင်ကနေ ပြောတယ်။ မီးပျက်နေလို့ အခန်းထဲ ထွန်းထားရာကနေ ဘေးကို ကူးပြီးလောင်တာ။ စုစုပေါင်း ၂ လုံးနဲ့ ၁ ခန်းပေါ့။ ဘေးက တိုက်က ၄ ထပ်မြောက် အလွှာဆို ၃ လွှာက ခုတင်နဲ့ ဗီရိုတွေ၊ အိပ်ခန်းပစ္စည်းတွေ လောင်သွားတာ။  Level 1 မီးငြှိမ်းသတ်ရေးယာဉ်တွေ လာကြပါတယ်"လို့ ဆိုပါတယ်။ 

မီးလောင်မှုကြောင့် ၁၅ ပေပတ်လည် သွပ်မိုးပျဉ်ကာအိမ် တလုံး၊ ၁၅ ပေ၊ ပေ၂၀  သွပ်မိုး ပျဉ်ကာအိမ် တလုံးနဲ့ ၃ လွှာရှိ ဘယ်ဘက်ခြမ်း တခန်း ပျက်စီးသွားပြီး မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုကို သက်ဆိုင်ရာ မီးသတ်က စစ်ဆေးတွက်ချက်နေဆဲ ဖြစ်ပါတယ်။

မီးသတ်တပ်ဖွဲ့တွေနဲ့ အရပ်ဘက်အသင်းတွေ ပူးပေါင်းငြှိမ်းသတ်ခဲ့တာကြောင့် ည ၇ နာရီ ၂၄ မိနစ်မှာ မီးထိန်းနိုင်ကာ ည ၇ နာရီ ၃၁ မိနစ်မှာ မီးငြိမ်းသွားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013