ပြင်သစ်တိုက်စစ်မှူး အန်တိုနီဂရစ်မန်းဇ်ဟာ လက်ရွေးစင်ကစားသမားဘဝကနေ အနားယူ ကြောင်း တရားဝင်ကြေညာသွားပါတယ်။
အသက် ၃၃ နှစ်ရှိ အက်သလက်တီကိုကစားသမားဟာ ပြင်သစ်အသင်းအတွက် စုစုပေါင်း ၁၃၇ ပွဲကစားခဲ့ပြီး ၄၄ ဂိုးသွင်းယူနိုင်ခဲ့သူပါ။
စိန်ခေါ်မှုတွေ၊ အောင်မြင်မှုတွေနဲ့အတူ မမေ့နိုင်စရာ ဆယ်စုနှစ်ကာလကို ဖြတ်ကျော်လာခဲ့ပြီးနောက် မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းဖို့အတွက် စာမျက်နှာတရွက်ကို ပိတ်သိမ်းလိုက်ဖို့ အချိန်တန်ပြီဖြစ်ကြောင်း ဂရစ်မန်းက သူ့ရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ပြင်သစ်ဂျာစီကို ဝတ်ဆင်ခွင့်ရခဲ့တာက ဂုဏ်ယူစရာနဲ့ အခွင့်အရေးတရပ်ဖြစ်ခဲ့ပြီး အားပေမှုတွေအတွက် ကျေးဇူးတင်ရှိကြောင်း ဂရစ်မန်းက ပြောပါတယ်။
သူဟာ ပြင်သစ်အသင်းအတွက် စုစုပေါင်း ၄၄ ဂိုးသွင်းခဲ့တာကြောင့် အိုလီဗာဂျရူး၊ အွန်နရီနဲ့ အမ်ဘာပေတို့ပြီးနောက် စတုတ္ထမြောက် ဂိုးသွင်းအများဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။
Photo-Reuters