ပြင်သစ်နောက်ခံလူ ရာဖေးလ်ဗာရန်းဟာ အသက် ၃၁ နှစ်အရွယ်မှာပဲ ကစားသမားဘဝကနေ အနားယူကြောင်း တရားဝင်ကြေညာသွားပါတယ်။
မန်ယူအသင်းမှာ မနှစ်ကရာသီအထိကစားခဲ့သူ ဗာရန်းဟာ အီတလီကလပ် ကိုမိုအသင်းဆီ ပြောင်းရွှေ့ ကစားခဲ့တာပါ။
ကိုမိုနဲ့ ပွဲဦးထွက်ပွဲစဉ်မှာပဲ ပြင်းထန်တဲ့ ဒူးဒဏ်ရာ ရရှိခဲ့တာကြောင့် ကစားသမားဘဝကနေပါ အပြီးတိုင် အနားယူဖို့ ဆုံးဖြတ်ခဲ့တာပါ။
ရောက်လေရာအသင်းတိုင်းမှာ အမြင့်မားဆုံးခြေစွမ်းနဲ့ တိုက်ပွဲဝင်ကစားခဲ့ပြီး အသင်းရဲ့ အမှတ်တံဆိပ်အတွက် ယှဉ်ပြိုင်ကစားခဲ့ရတာကိုလည်း အမြဲတမ်းအမှတ်ရနေမှာဖြစ်ကြောင်း ဗာရန်းက သူ့ရဲ့အနားယူကြောင်း ကြေညာချက်မှာ ထည့်သွင်းရေးသားခဲ့ပါတယ်။
ဗာရန်းဟာ ကစားသမားဘဝကို ပြင်သစ်ကလပ် လန်းစ်အသင်းမှာစတင်ခဲ့ပြီး ၂၀၁၁ ခုနှစ်က ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ခဲ့ပြီး ကစားသမားဘ၀ အမြင့်မားဆုံးအောင်မြင်မူတွေ ရယူ နိုင်ခဲ့ပါတယ်။
အဲဒီနောက် ၂၀၂၁ ခုနှစ်မှာ မန်ယူအသင်းဆီပြောင်းရွှေ့ခဲ့ပြီး စုစုပေါင်းပွဲ ၁၀၀ နီးပါး ကစားပေး ခဲ့ပါတယ်။
ပြင်သစ်နိုင်ငံအသင်းအတွက် ၉၃ ပွဲ ကစားခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ကမ္ဘာ့ဖလားချန်ပီယံဆု ဖလား ရယူပေးနိုင်ခဲ့ပါတယ်။
Photo-Reuters