ချဲလ်ဆီးနောက်ခံလူ ရိစ်ဂျိမ်းစ်ဟာ တံကောက်ကြောဒဏ်ရာ အရှင်းမပျောက်သေးတာကြောင့် ထပ်မံ အနားယူဦးမယ်လို့ သိရပါတယ်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလက တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပြီးနောက်ပိုင်း ပြန်ကစားနိုင်လိုက်၊ အနားယူလိုက်ဖြစ်နေခဲ့ရတဲ့ ရိစ်ဂျိမ်းစ်ဟာ အပြီးသတ် ပြန်လည်ကောင်းမွန်လာဖို့ ရုန်းကန် နေရတာပါ။
မနှစ်ကရာသီက ပရီးမီးယားလိဂ် ၁၀ ပွဲသာ ကစားခွင့်ရခဲ့ပြီး စုစုပေါင်း ၁၆ ပွဲသာ ကစားခဲ့ရတဲ့ ဂျိမ်းစ်ဟာ အခုနှစ်ရာသီမှာလည်း တပွဲမှ မကစားရသေးတာ ဖြစ်ပါတယ်။
ပြန်ကစားနိုင်မယ့်အချိန်ကို အတိအကျမပြောနိုင်သေးပေမဲ့ ၂၀၂၄ ခုနှစ် မကုန်ခင်မှာ ပြန်လည် ကစားနိုင်လိမ့်မယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။
Photo-Reuters