ဒဏ်ရာမသက်သာသည့် အာဆင်နယ်ကွင်းလယ်လူ အိုဒီဂတ် ၁ လ ခန့် အနားယူရနိုင်
DVB
·
September 19, 2024

အာဆင်နယ် ကွင်းလယ်ကစားသမား အိုဒီဂတ်ဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် တလနီးပါး အနားယူရနိုင်တယ်လို့သိရပါတယ်။
နော်ဝေကွင်းလယ်ကစားသမားဟာ နိုင်ငံအသင်းအတွက် ကစားပေးရင်း ခြေကျင်းဝတ် ဒဏ်ရာ ရရှိခဲ့တာပါ။
ဒဏ်ရာအခြေအနေ သိသာ ထင်ရှားပြီး တလထက် မပိုတဲ့ အချိန်ကာ တခု အနားယူရနိုင်ကြောင်း နည်းပြအာတီတာက ပြောပါတယ်။
ဒီအခြေအနေကြောင့် အက်တလန်တာနဲ့ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်ကိုရော မန်စီးတီးနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကိုပါ ဆက်လက်လွဲချော်ဖို့ ရှိပါတယ်။
Photo-Reuters