အာဆင်နယ်အသင်းဟာ နည်းပြအာတီတာကို လုပ်ခလစာတိုးပေးပြီး ၃ နှစ်စာချုပ် သက်တမ်းတိုး ခဲ့ပါတယ်။
စပါးအသင်းနဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်မတိုင်ခင်မှာ နည်းပြအာတီတာကို လုပ်ခနဲ့ စာချုပ် သက်တမ်းတိုးပေးပြီး အာဆင်နယ်ဘက်က ချီးမြှောက်ခဲ့တာပါ။
၂၀၁၉ ခုနှစ်ကတည်းက အာဆင်နယ်ကို ရောက်ရှိလာတဲ့ နည်းပြအာတီတာဟာ အသင်းနဲ့ စာချုပ်သက်တမ်းတနှစ်လောက်သာ ကျန်ရှိတော့တာကြောင့် သက်တမ်းတိုးခဲ့တာပါ။
မူလက တနှစ်ကို ပေါင် ၉ သန်း လုပ်ခရရှိနေတဲ့ နည်းပြအာတီတာဟာ စာချုပ်သစ်အရ လုပ်ခ ဖော်ပြ မထားပေမဲ့ နည်းပြဂွါဒီယိုလာရရှိနေတဲ့ တနှစ်ပေါင်သန်း ၂၀ အထိ ရရှိဖို့ နီးစပ်လာတယ်လို့ ဆိုပါတယ်။
စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့တဲ့အပေါ် အလွန်ဂုဏ်ယူရသလို စိတ်လှုပ်ရှားမှုလည်း ဖြစ်မိကြောင်း၊ အသင်းနဲ့အတူ အောင်မြင်မှုတွေရယူနိုင်ဖို့ အတူတကွရှေ့ဆက်သွားကြရမှာဖြစ်ကြောင်း နည်းပြ အာတီတာက ပြောပါတယ်။
အားကစားဒါရိုက်တာ အီဒူးကလည်း နည်းပြအာတီတာကို သက်တမ်းတိုးလိုက်တာက အသင်း အတွက် ဂုဏ်ယူဝမ်းမြောက်စရာဖြစ်ကြောင်း ပြောသွားပါတယ်။
Photo-Reuters