မန်စီးတီးကွင်းလယ်ကစားသမား ရိုဒရီဟာ ဒူးဒဏ်ရာကြောင့် အခုနှစ်ဘောလုံးရာသီကုန်တဲ့အထိ အနားယူရနိုင်တယ်လို့ သိရပါတယ်။
စပိန်သတင်းစာမာကာအပါအဝင် ဗြိတိန်သတင်းစာတွေရဲ့ ဖော်ပြချက်အရ ရိုဒရီဟာ ဒူးဒဏ်ရာအခြေအနေကို အသေးစိတ်စစ်ဆေးဖို့အတွက် စပိန်နိုင်ငံ မက်ဒရစ်မြိုဆီ သွားရောက်ကုသမယ်လို့ သိရပါတယ်။
ရိုဒရီရဲ့ ဒဏ်ရာဟာ ဒူးအရွတ်ကို ထိခိုက်မိတာဖြစ်လို့ ရာသီကုန်တဲ့အထိ အနားယူရနိုင်ကြောင်း မီဒီယာတွေက ဖော်ပြကြပါတယ်။
ရိုဒရီဟာ အာဆင်နယ်နဲ့ ၂ ဂိုးစီသရေကျတဲ့ပွဲစဉ်မှာ သောမက်စ်ပါတေးနဲ့ ထိခိုက်မိကာ ဒူးဒဏ်ရာရခဲ့တာကြောင့် ချက်ချင်းလူစားလဲခံရပြီး မျက်ရည်ကျတဲ့အထိ ဝမ်းနည်းကြေကွဲခဲ့ရ တာပါ။
အဓိက ကွင်းလယ်လူရိုဒရီ တရာသီလုံးအနားယူရမယ်ဆိုရင် မန်စီးတီးရဲ့ ချန်ပီယံဆုအတွက် ကြီးမားတဲ့ အခက်အခဲတွေ ရှိလာလိမ့်မယ်လို့ မီဒီယာတွေက ခန့်မှန်း ဖော်ပြနေကြပါတယ်။
Photo-Reuters