Home
မြန်မာသတင်း
မြေပဲဆန် အဝင်များလာသဖြင့် ဈေးနှုန်းပြန်ကျ
DVB
·
September 30, 2024
Peanut_30092024

အသစ်ဝင် မြေပဲဆန်တွေ ဈေးကွက်ထဲကို လှိုင်လှိုင်ဝင်ရောက်လာတာကြောင့် မန္တလေးကုန်စည်ဒိုင်မှာ အခုရက်ပိုင်းအတွင်း မြေပဲဆန်ဈေးနှုန်းတွေ တရိပ်ရိပ် ကျဆင်းလာတယ်လို့ ပဲကုန်သည်တွေဆီက သိရပါတယ်။

မြေပဲ‌ဈေးက တပိဿာကို ကျပ် ၁၀၀၀၀ ကျော်ထိ ရှိခဲ့ရာက ဈေးကွက်ထဲကို မြေပဲအသစ် ဝင်ရောက်မှု များလာတာကြောင့် ဩဂုတ် တတိယပတ်ကစပြီး ‌ဈေး‌ဆက်တိုက်ကျလာခဲ့ပါတယ်။

လတ်တ‌‌လော မန္တလေး ကုန်စည်ဒိုင် ဈေးကွက်မှာ မြေပဲ S1 ဆီဆံက တပိဿာကို ၆၈၀၀ ကျပ်၊ S1 လုံးဆန်က ၈၁၀၀ ကျပ်၊ အနီဆီဆံက ၇၃၀၀ ကျပ်၊ အနီလုံးဆန်က  ၇၆၀၀ ကျပ် အသီးသီး ရှိပြီး တလကျော်အတွင်း တပိဿာကို ကျပ် ၄၀၀၀ ကျော်ဈေးအကျဖြစ်ခဲ့ပါတယ်။

မန္တလေးမြို့ ပဲကုန်သည်တယောက်က “မြေပဲက အသစ်တွေ ဝင်လာတော့ ဈေးတွေ ပြန်ဆင်းနေတယ်။ ဒီနေ့လည်း ထပ်ကျတာ တွေ့ရတယ်” လို့ ပြောပါတယ်။

မြေပဲဆန်ဈေးနှုန်းဟာ ပြီးခဲ့တဲ့ ဩဂုတ် တတိယပတ်က တပိဿာကို ငွေကျပ် ၁၂၅၀၀ အထိ အတက်ရှိခဲ့ပြီး  အခုအချိန်မှာ ဈေးကွက်အတွင်း ပစ္စည်းအဝင် များလာတာကြောင့် ဈေးနှုန်းလည်း ပြန်လည်ကျဆင်းနေတာလို့ သိရပါတယ်။

မြေပဲကုန်ကြမ်း‌ဈေး ကျဆင်းသွားလို့ ပဲဆီဈေးတွေလည်း ပြန်ကျဆင်းနေတယ်လို့  ဈေးကွက်အတွင်းက သိရပါတယ်။

ပဲဆီဈေးနှုန်းဟာ အခုစက်တင်ဘာလဆန်းပိုင်းက တပိဿာကို ငွေကျပ် ၂၀၀၀၀ လောက်ရှိခဲ့ပေမဲ့ အခုအချိန်မှာတော့ တပိဿာကို ၁၆၅၀၀ ကနေ ၁၈၀၀၀ လောက်အထိ ပြန်ကျဆင်းလာတယ်လို့ စားဆီဈေးကွက်အတွင်းက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013