အငြင်းပွားစရာကောင်းတဲ့ သမ္မတရွေးကောက်ပွဲအပြီး ၂ လအကြာမှာ ဗင်နီဇွဲလား အတိုက်အခံတွေကို ထောက်ခံသူတွေက မြို့တော် ကာရာကတ်စ်မှာ စက်တင်ဘာ ၂၈ ရက်က စုဝေးဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက “လွတ်လပ်ရေး” ဆိုတဲ့ စာတန်းနဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဓာတ်ပုံတွေကို ကိုင်ဆောင်ဆန္ဒပြခဲ့ကြပြီး မဲရေတွက်ရာမှာ အစိုးရက ကြိုးကိုင်နေတယ်လို့ စွပ်စွဲခဲ့ကြပါတယ်။
လက်ရှိသမ္မတ နီကိုလတ်စ် မာဒူရိုက ပြန်လည်ရွေးကောက်ခံရတာကိုလည်း အငြင်းပွားနေကြပါတယ်။
ဗင်နီဇွဲလားနိုင်ငံ အတိုက်အခံတွေက အသက် ၇၅ နှစ်အရွယ် သမ္မတလောင်း အက်ဒ်မန်ဒို ဂွန်ဇာလဲ့သာ ဇူလိုင် ရွေးကောက်ပွဲမှာ အခိုင်အမာ အောင်ပွဲရခဲ့ပြီး သူအနိုင်ရကြောင်း ပြထားတဲ့ မဲစာရင်းတွေကို အွန်လိုင်းမှာ လွှင့်တင်ခဲ့ကြပါတယ်။
မာဒူရိုက စွပ်စွဲချက် အားလုံးကို ပယ်ချခဲ့ပြီး သူ့အစိုးရကို ဖြိုခွဲဖို့ လက်ယာယိမ်း ကြံစည်မှုတခု ရှိတယ်လို့ ပြောခဲ့ပါတယ်။
သဘောထား ကွဲလွဲမှုတွေကြောင့် မဲအရေအတွက် အပြည့်အစုံ၊ ဆန္ဒပြပွဲအတွင်း လူအသေအပျောက်စာရင်း၊ အတိုက်အခံ ပုဂ္ဂိုလ်တွေနဲ့ သတင်းထောက်တွေကို ဖမ်းဖို့ အာဏာပိုင်တွေက လှုံ့ဆော်ချက်တွေကို ထုတ်ပြန် ကြေညာဖို့ နိုင်ငံတကာက ဆော်ဩခဲ့ပါတယ်။
Source-Reuters