Home
နိုင်ငံတကာ
အပြည်ပြည်ဆိုင်ရာ အန္တရာယ်ကင်းသော ကိုယ်ဝန်ဖျက်ချမှုနေ့တွင် ချီလီအမျိုးသမီးများဆန္ဒပြ
DVB
·
September 28, 2024
Photo-Reuters

ချီလီနိုင်ငံမှာ အမျိုးသမီးတွေဟာ အပြည်ပြည်ဆိုင်ရာ အန္တရာယ်ကင်းတဲ့ ကိုယ်ဝန်ဖျက်ချမှုနေ့ အထိမ်းအမှတ် ချီတက်ခဲ့ပါတယ်။ 

အမျိုးသမီးရာပေါင်းများစွာဟာ အစိမ်းရောင် လက်ကိုင်ပဝါတွေကို လည်ပင်းမှာ ပတ်ပြီး လမ်းမတွေ ပေါ်မှာ လက်တင်အမေရိကရဲ့ တရားဝင်အသိအမှတ်ပြုမှုအတွက် တိုက်ပွဲဝင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ 

အပြည်ပြည်ဆိုင်ရာ အန္တရာယ်ကင်းတဲ့ ကိုယ်ဝန်ဖျက်ချမှုနေ့ဟာ စက်တင်ဘာ ၂၈ ရက်ဖြစ်ပြီး ချီလီနိုင်ငံက အမျိုးသမီးတွေက အန္တရာယ်ကင်းတဲ့ ကိုယ်ဝန်ဖျက်ချမှု တရားဝင်ပြုလုပ်နိုင်ဖို့ အစိုးရကို တောင်းဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။ 

ချီလီနိုင်ငံမှာ ကိုယ်ဝန်ဖျက်ချမှုနဲ့ပတ်သက်ပြီး အချက် ၃ ချက် ခွင့်ပြုထားပါတယ်။ ကိုယ်ဝန် က မိခင်ကို အန္တရာယ်ဖြစ်စေခြင်း၊ အဓ္ဓမပြုကျင့်ခံရလို့ ကိုယ်ဝန်ရခြင်းနဲ့ ကလေးက သေဆုံးဖို့ ရာခိုင်နှုန်းများတဲ့ အချိန်တွေမှာ ကိုယ်ဝန်ဖျက်ချခွင့်ပေးထားတာဖြစ်ပါတယ်။ 

ချီလီနိုင်ငံမှာ ၁၉၃၁ နဲ့ ၁၉၈၉ ခုနှစ်ကြားမှာ အမျိုးသမီးတွေ ကိုယ်ဝန်ဖျက်ချမှုများခဲ့ပြီး ကျန်းမာရေး ဥပဒေတွေကလည်း ခွင့်ပြုခဲ့ဖူးပါတယ်။ 

အဲဒီအချိန်တုန်းက ချီလီနိုင်ငံမှာ အန္တရာယ်ကင်းတဲ့ ကိုယ် ဝန်ဖျက်ချမှုနှုန်းလည်း တိုးမြင့်ခဲ့ပါတယ်။

၁၉၈၉ ဩဂုတ်လမှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် တရားဝင် ကိုယ်ဝန်ဖျက်ချက်မှုတွေကို တားမြစ်ခဲ့တာဖြစ်ပါတယ်။ 

၂၀၂၄ ခုနှစ် ဇွန်လမှာတော့ ချီလီသမ္မတ ဘိုရစ်က ကိုယ်ဝန်ဖျက်ချခြင်းနဲ့ပတ်သက်တဲ့ ဥပဒေကို ကွန်ဂရက်ကို နှစ်ကုန်မှာ ပေးပို့ သွားမယ်လို့ ကြေညာခဲ့ဖူးပါတယ်။ 

အပြည်ပြည်ဆိုင်ရာ အန္တရာယ်ကင်းတဲ့ ကိုယ်ဝန်ဖျက်ချမှုနေ့ကို ၂၀၁၁ ခုနှစ်မှာ နိုင်ငံတကာနေ့ အဖြစ်  WGNRR အဖွဲ့က ကြေညာခဲ့တာဖြစ်ပါတယ်။ 

စက်တင်ဘာ ၂၈ ရက်မှာ ပြုလုပ်ရခြင်းက ဘရာဇီးမှာ ၁၈၇၁ ခုနှစ်က လွတ်လပ်စွာမွေးဖွားခွင့်ပြုတဲ့ ဥပဒေအတည်ပြုခွင့်ရတဲ့နေ့ကို ရည်ညွှန်းထားတာ ဖြစ်ပါတယ်။ 

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013