အီရန်အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေဟာ စက်တင်ဘာ ၂၄ ရက်က အမေရိကန်နိုင်ငံ နယူးယောက်မြို့က ကုလသမဂ္ဂရုံး အပြင်ဘက်မှာ အီရန်သမ္မတ မာဆွတ်ဒ်ပေဇက်ရှ်ကီယံကို ဆန္ဒပြခဲ့ကြပါတယ်။
အီရန်သမ္မတဟာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ တစိတ်တပိုင်းအဖြစ် ကျင်းပမယ့် ဆွေးနွေးပွဲမှာ မိန့်ခွန်းပြောမှာပါ။
လူဝင်မှုကြီးကြပ်ရေးရှေ့နေနဲ့ အီရန်-အမေရိကန် လူ့အဖွဲ့အစည်း (OIAC) အဖွဲ့ဝင် အန်နာ ဆာမိက “ကျနော်တို့အားလုံး ဒီမှာနေပြီး ဒီအကြမ်းဖက်အစိုးရအပေါ် ကျနော်တို့ရဲ့ ထင်မြင်ယူဆချက်တွေကို ထုတ်ဖော်ပြောဆိုဖို့က လုံးဝကို အရေးကြီးပါတယ်” လို့ ပြောပါတယ်။
အဲဒီနေ့အစောပိုင်းမှာ ပေဇက်ရှ်ကီယံဟာ နယူးယောက်ကို ရောက်နေတဲ့ ဂျော်ဒန်ဘုရင် အဗ္ဗဒူလာ၊ တူရကီသမ္မတ အာဒိုဂန်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
လက်ဘနွန်နဲ့ အစ္စရေးတို့က တိုက်ပွဲအကျော့သစ်တွေကို စလိုက်လို့ ပြင်းထန်တဲ့ ပဋိပက္ခ ဖြစ်မှာကို ပိုတိုးပြီး စိုးရိမ်လာနေချိန်မှာ ခေါင်းဆောင်တွေက ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဆက်စပ်အစည်းအဝေးမှာ တွေ့ဆုံခဲ့ကြပါတယ်။
လက်ဘနွန်တောင်ပိုင်းက ဟစ်ဇ်ဘိုလာ ပစ်မှတ်တွေကို အစ္စရေးက တိုက်ခိုက်ခဲ့ပြီး အီရန် ကျောထောက်နောက်ခံပြုအဖွဲ့ ဟစ်ဇ်ဘိုလာတွေက အစ္စရေးမြောက်ပိုင်းက စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို အင်္ဂါနေ့က တိုက်ခိုက်ခဲ့ပါတယ်။
Source-Reuters