ကမ္ဘ့ာပတ်လမ်းထဲမှာရှိတဲ့ နိုင်ငံတကာအာကာသစခန်းမှာ ၈ လကြာ သောင်တင်နေတဲ့ အာကာသယာဉ်မှူး ၂ ယောက်ကို ခေါ်ဆောင်မယ့် SpaceX အာကာယာဉ်ကို စက်တင်ဘာ ၂၈ ရက်က ဖလော်ရီဒါပြည်နယ်၊ ကာနီဗယ်အငူကနေ လွှတ်တင်နိုင်ခဲ့ပါတယ်။
ဟာရီကိန်း ဟယ်လင်ကြောင့် ၂ ရက်နောက်ကျပြီးမှ လွှတ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အီလွန်မတ်စ်ခ်ရဲ့ SpaceX ကထုတ်လုပ်တဲ့ Dragon ယာဉ်အခန်းဟာ ၄ ယောက်အထိ ဆန့်ပေမဲ့ အမေရိကန်အာကာသအေဂျင်စီ (နာဆာ) က အာကာသယာဉ်မှူး နစ်ဟုဂျ်နဲ့ ရုရှားအာကာသယာဉ်မှူး အလက်ဇန္ဒာ ဂေါ်ဘူနော့ဗ်တို့ပဲ လိုက်ပါခဲ့ကြတာပါ။
ဒါမှသာ Dragon ယာဉ် ကမ္ဘာမြေပြန်တဲ့အခါကျရင် စခန်းမှာ သောင်တင်နေတဲ့ နာဆာအာကာသယာဉ်မှူး ဘတ်ချ် ဝီလ်မိုးရ်နဲ့ ဆူနီး ဝီလျံစ်တို့ကိုပါ ခေါ်နိုင်မှာ ဖြစ်ပါတယ်။
ကမ္ဘာ့ထိပ်တန်း လေယာဉ်ကုမ္ပဏီကြီး ဘိုးအင်းရဲ့ Starliner အာကာသယာဉ်ဟာ ဇွန်လတုန်းက ပျံတက်ပြီး အာကာသစခန်းမှာ ဆိုက်ကပ်ခဲ့တာ ဖြစ်ပါတယ်။
၈ ရက်ကြာခရီးစဉ် ဖြစ်ပေမဲ့ ယာဉ်ရဲ့ စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုတွေကြောင့် ကမ္ဘာမြေကို ၈လကြာ မပြန်နိုင် ဖြစ်ခဲ့ရတာပါ။
နောက်ဆုံးမှာ ဘိုးအင်း Starliner ကို လူမပါဘဲ ယာဉ်ချည်းသက်သက် ကမ္ဘာကို ပြန်လွှတ်ခဲ့ပါတယ်။ လိုက်လာကြသူတွေကတော့ စခန်းမှာပဲ ၈ လကြာအောင်နေပြီး နောင်နှစ် ဖေဖော်ဝါရီကျမှ အခုတက်လာတဲ့ SpaceX ယာဉ်နဲ့ အိမ်ပြန်ကြမှာ ဖြစ်ပါတယ်။
Source-Reuters