အမေရိကန် အမျိုးသား အာကာသသိပ္ပံ နာဆာရဲ့ Mars InSight အာကာသယာဉ် ဆင်းသက်တဲ့ အချိန်ကရတဲ့ အချက်အလက်ကို သုံးပြီး အင်္ဂါဂြိုဟ်ရဲ့ မျက်နှာပြင်အောက်မှာ ကြီးမားတဲ့ ရေလှောင်ကန်တခု နက်နက်ရှိုင်းရှိုင်း ရှိနေနိုင်တယ်လို့ သြဂုတ် ၁၂ ရက်ထုတ် လေ့လာချက်တရပ်က ဖော်ပြ ပါတယ်။
အင်္ဂါဂြိုဟ်မျက်နှာပြင်အောက် ၇ ဒသမ ၂ မိုင်ကနေ ၁၂ ဒသမ ၄ မိုင် အကွာမှာရှိတဲ့ ကျိုးကြေနေတဲ့ မီးသင့်ကျောက်လွှာထဲက ရေလှောင်ကန်ဟာ ကမ္ဘာမြေမျက်နှာပြင် တခုလုံးကို ဖုံးလွှမ်းသွားမယ့် သမုဒ္ဒရာတခုကို ရေဖြည့်နိုင်လောက်အောင် များတယ်လို့လည်း လေ့လာချက်က ဆိုပါတယ်။
နေကနေ စတုထ္ထမြောက်ဂြိုဟ်ရဲ့ မျက်နှာပြင်အောက် ခပ်ဝေးဝေးမှာ အရည်အဖြစ် ရှိနေတဲ့ရေတွေဟာ အရင်ကဖြစ်ဖြစ်၊ အခုဖြစ်ဖြစ် အဏုဇီဝသက်ရှိတွေ ရှင်သန်နေထိုင်ဖို့ အခွင့်သာတဲ့ အခြေအနေတွေကို ပေးစွမ်းနိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။
၂၀၁၈ ခုနှစ်ကတည်းက ဂြိုဟ်နီကြီးပေါ်မှာရှိတဲ့ မြေငလျင်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ၊ Geodesy နဲ့ Heat Transport (InSight) ဂြိုဟ်ဆင်းယာဉ်တွေကို သုံးပြီးလုပ်ခဲ့တဲ့ ဂြိုဟ်အတွင်းပိုင်းရှာဖွေရေးဟာ လေးနှစ်ကျော်ကာလအတွင်း ငလျင်ဒေတာကို တိုင်းတာခဲ့ပြီး ဂြိုဟ်မြေပြင်အောက်က ငလျင်တွေ ဘယ်လိုလှုပ်သွားတယ် ဆိုတာကို စစ်ဆေးခဲ့ပါတယ်။
ဂြိုဟ်မျက်နှာပြင်အောက်မှာ ဘယ်လို အရာဝတ္ထုတွေ ရှိနေတယ်ဆိုတာကိုလည်း အဆုံးအဖြတ် ပေးခဲ့ပါတယ်။
ဒီရှာဖွေတွေ့ရှိမှုဟာ ကမ္ဘာမြေအပြင်ဘက်မှာ သက်ရှိတွေ ရှာဖွေမှုကို မြှင့်တင်ပေးပြီး အင်္ဂါဂြိုဟ်ရဲ့ ရှေးဟောင်းသမုဒ္ဒရာတွေအတွင်း ဘာတွေဖြစ်နိုင်တယ် ဆိုတာကို ပြသခဲ့ပါတယ်။
Source-Reuters