ဘိုးအင်းရဲ့ Starliner အာကာသယာဉ်ချွတ်ယွင်းနေလို့ နိုင်ငံတကာအာကာသစခန်းမှာ သောင်တင်နေတဲ့ နာဆာအာကာသယာဉ်မှူး ၂ ယောက်ဟာ နောင်နှစ်အစောပိုင်းမှာမှ SpaceX အာကာယာဉ်နဲ့ ကမ္ဘာမြေကို ပြန်နိုင်မယ်လို့ နာဆာက ထုတ်ပြန်ပါတယ်။
ဘိုးအင်းရဲ့ Starliner အာကာသယာဉ်တွန်းကန်စနစ်မှာ ပြဿနာတွေရှိနေတဲ့အတွက် ပထမဆုံး လိုက်ပါခဲ့သူတွေကို ကမ္ဘာမြေပြန်ခေါ်ဖို့ အဆင်မပြေဖြစ်နေတာပါ။
ဘိုးအင်းဟာ ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံအထိ သုံးပြီး မျှော်မှန်း ဘတ်ဂျက်ထက် အများကြီး ကျော်လွန်နေပေမဲ့ အာကာသယာဉ်ထုတ်လုပ်ရေးနယ်ပယ်မှာ အဆင်မပြေ ဖြစ်နေပါတယ်။
ဘိုးအင်းရော ၊ SpaceX ပါ အမေရိကန် အာကာကသအေဂျင်စီ(NASA) ကနေ ဒေါ်လာ ဘီလီယံချီတဲ့ ကန်ထရိုက်တွေ ရထားတာပါ။
တကယ်တမ်း ကန်ထရိုက်မှာ ဘိုးအင်းက ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံဖိုးရပြီး အီလွန်မက်စ်ရဲ့ SpaceX က ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံပဲ ရခဲ့တာပါ။
ဒါပေမဲ့ SpaceX က နာဆာအတွက် အာကာသယာဉ်မှူးသယ်ခရီးစဉ် ၉ ကြိမ်တောင် ပြေးဆွဲပေးခဲ့ပြီး ဖြစ်ပေမဲ့ ဘိုးအင်းကတော့ ပထမတစ်ကြိမ်မှာတင် ပြဿနာတက်နေတာ ဖြစ်ပါတယ်။
ဒါကြောင့် ဘိုးအင်းယာဉ်နဲ့ ကမ္ဘာပတ်လမ်းထဲက နိုင်ငံတကာ အာကာသစခန်းကို ဇွန်လက ၈ ရက်ခရီး လာခဲ့တဲ့ အာကာသယာဉ်မှူး ၂ ဦးဟာ ၈ လနေရတော့မှာ ဖြစ်ပြီး နောင်နှစ် ဖေဖော်ဝါရီလကျမှ ကမ္ဘာမြေကို ပြန်ရတော့မှာ ဖြစ်ပါတယ်။
Source-Reuters