Home
နိုင်ငံတကာ
ဇာပိုရစ်ချ်ရှား ဒေသအပါအဝင် ယူကရိန်းနယ်မြေများကို ရုရှား ဆက်လက်တိုက်ခိုက်
DVB
·
September 30, 2024
Photo-Reuters

ယူကရိန်းရဲ့ ဇာပိုရစ်ချ်ရှား ဒေသကို ရုရှားက စက်တင်ဘာ ၂၉ ရက် အစောပိုင်းမှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ လူ ၁၃ ယောက်ထက်မနည်း ဒဏ်ရာရတယ်လို့ အရာရှိတွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် လုံးချင်းအိမ် ၁၀ လုံး ပျက်စီးပြီး တလုံး ပြိုကျခဲ့တယ်၊ တိုက်ခန်းတွဲ အဆောက်အဦတခု တစိတ်တပိုင်း ပြိုကျခဲ့တယ်လို့ ယူကရိန်း အရေးပေါ်ဌာနက ပြောပါတယ်။

ရုရှားဘက်ကတော့ အရပ်သားတွေကို ပစ်မှတ်မထားဘူးလို့ ငြင်းပါတယ်။ ဒါပေမဲ့ ၂၀၂၂ ဖေဖော်ဝါရီမှာစတဲ့ ယူကရိန်းကို အပြည့်အဝ ကျူးကျော်စစ်အတွင်း ထောင်နဲ့ချီတဲ့လူတွေ သေဆုံး ဒဏ်ရာရခဲ့ပြီးပါပြီ။

ရုရှားနဲ့ ယူကရိန်းတို့ဟာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။ ရုရှားရဲ့ ကာ့က်စ်နယ်မြေထဲက ယူကရိန်းစစ်တပ်တွေနဲ့ ပစ္စည်းတွေကို ရုရှားက အဆက်မပြတ် တိုက်ခိုက်နေပြီး ယူကရိန်းနိုင်ငံ ပေါ့ခ်ရော့ဗ်စ်ခ်နဲ့ ကူရာခိုဗိုဒေသတွေမှာ ရုရှားရဲ့ထိုးစစ်ကို ယူကရိန်းတပ်ဖွဲ့တွေက တန်ပြန်တိုက်ခိုက်နေပါတယ်။

ရုရှားစစ်တပ်ဟာ တိကျမှုမြင့်ပြီး အသံထက်မြန်တဲ့ ဓားပျံလို့ နာမည်ပေးထားတဲ့ တာဝေးပစ်ဒုံးပျံကို သုံးပြီး သူ့ရဲ့ ကာ့က်စ်ဒေသထဲက ယူကရိန်းတပ်ဖွဲ့ဝင်တွေ၊ လက်နက်တွေနဲ့ ကိရိယာတွေကို တိုက်ခိုက်ခဲ့ပါတယ်။

ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေကို ချေမှုန်းရင်း ယူကရိန်းစစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံ ပစ်မှတ်တွေကို သောကြာညမှာ ထိမှန်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနေ့မှာပဲ အထူးသဖြင့် ပေါ့ခ်ရော့ဗ်စ်ခ်ဒေသတွင်း ရှေ့တန်းက အခြေအနေဆိုးတွေကို ယူကရိန်းတပ်မတော် စစ်ဦးစီးချုပ်က အစီရင်ခံတင်ပြခဲ့ပါတယ်။

ယူကရိန်းနဲ့  ရုရှားတပ်ဖွဲ့တွေဟာ ခါခိဗ်ဒေသမှာလည်း တိုက်ခိုက်ခဲ့ကြပြီး ပေါ့ခ်ရော့ဗ်စ်ခ်နဲ့ ကူရာခိုဗိုဒေသတွေမှာ ရုရှားရဲ့ ထိုးစစ်ကို ယူကရိန်းတပ်ဖွဲ့တွေက  ချေမှုန်းခဲ့တယ်လို့ CCTV သတင်းမှာ ဖော်ပြပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013