တရုတ်အစိုးရက တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်စမ်းသပ်တာနဲ့ ပတ်သက်ပြီး ရုရှားကို မေးမြန်းရာမှာ ဒီလိုလုပ်ဆောင်ဖို့ တရုတ်နိုင်ငံမှာ အချုပ်အခြာ အာဏာပိုင် အခွင့်အရေးရှိပြီး တရုတ်နဲ့ ရုရှားတို့မှာ သတင်းအချက်အလက်တွေကို အပြန်အလှန် ဖလှယ်ခဲ့ပြီးသား ဖြစ်တယ်လို့ ရုရှားသမ္မတနန်းတော်ပြောခွင့်ရ ဒမစ်ထရီပဲ့စ်ကို့ဗ်က စက်တင်ဘာ ၂၅ ရက်မှာ ပြောပါတယ်။
ပဲ့စ်ကို့ဗ်က “တရုတ်က စစ်ရေးတည်ဆောက်နေပြီး ကျနော်တို့က ဒါကို လေးစားတယ်။ ၂ နိုင်ငံကြား ကာကွယ်ရေးဌာနတွေ အပါအဝင် အဆက်အသွယ်ဘောင်အတွင်းမှာ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ဖလှယ်နေတယ်” လို့ ပြောပါတယ်။
ထိပ်ဖူးအတုကို သယ်ဆောင်ထားတဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တစင်းကို တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ် ဒုံးပျံတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့ ပေကျင်းစံတော်ချိန် မနက် ၈ နာရီ ၄၄ မိနစ်မှာ ပစ်လွှတ်ခဲ့တာပါ။
မျှော်လင့်ထားတဲ့ ပင်လယ်ပြင် ဧရိယာထဲ ကျရောက်ခဲ့တယ်လို့ တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
Source-Reuters