ချင်းညီနောင်အဖွဲ့ဝင် မတူပီ တပ်မဟာ ၁ ကို အာရက္ခတပ်တော် (AA) က စက်တင်ဘာ ၂၇ ရက်နေ့မှာ လက်နက်ထောက်ပံ့ခဲ့တယ်လို့ မတူပီ တပ်မဟာ ၁ က စက်တင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။
AA နဲ့ မဟာမိတ်တည်ဆောက်ထားနဲ့ ချင်းညီနောင်အဖွဲ့ဝင် မတူပီ တပ်မဟာ ၁ ကို လက်နက်ထောက်ပံ့ပွဲလည်း အဲဒီနေ့မှာ ပြုပ်ခဲ့ပြီး AA က တပ်မှူးတွေ၊ မတူပီ တပ်မဟာ ၁ က တပ်မှူးတွေက တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
မတူပီ တပ်မဟာ ၁ အပေါ် AA က လက်နက်ထောက်ပံ့မှုဟာ မဟာမိတ်ပီသတာကို ပြတာဖြစ်ပြီး စစ်အာဏာရှင်ကိုတော်လှန်ဖို့ အထောက်အကူတွေ အများကြီးပြုနိုင်တယ်လို့ ရခိုင် စစ်ရေးအကဲခတ်တယောက်က ပြောပါတယ်။
“ချင်းညီနောင်နဲ့ AA ဆိုတာ ခိုင်မာတဲ့ မဟာမိတ်တွေဖြစ်ကြတယ်။ အခု လက်နက် ထောက်ပံ့ပေးတာကလည်း မဟာမိတ်ဆံဆက်ရေးကို အများကြီးခိုင်မာလာစေနိုင်တယ်။ ဒီလို ထောက်ပံ့ပေးတာက စစ်အာဏာရှင်တော်လှန်ဖို့အတွက်လည်း အထောက်အကူတွေ အများကြီး ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။
AA ဟာ ချင်းပြည်နယ်အတွင်း ချင်းညီနောင်ကဖော်ဆောင်တဲ့ မြို့သိမ်းတိုက်ပွဲတွေမှာလည်း စစ်ရေးအရ ကူညီပေးနေတာတွေ ရှိပါတယ်။
ချင်းပြည်နယ်အတွင်း စစ်ကောင်စီကင်းစင်ရေတိုက်ပွဲတွေမှာ အိမ်နီးချင်းကောင်း ပီသစွာ ပါဝင်ပေးခြင်းနဲ့ လက်နက်ထောက်ပံ့ကူညီတာအတွက် အထူးကျေးဇူးတင်ရှိတယ်လို့ မတူပီ တပ်မဟာ ၁ ရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
မတူပီတပ်မဟာ ၁ ပါဝင်တဲ့ ချင်းညီနောင်က ချင်းပြည်နယ်အတွင်း မတူပီမြို့နဲ့ ကျင်းဒွေးမြို့တို့ကို သိမ်းပိုက်ထားပါတယ်။