Home
နိုင်ငံတကာ
ဆိုမာလီမြို့တော်တွင် ဗုံးကွဲပြီး လူ ၆ ဦးထက်မနည်းသေဆုံး
DVB
·
September 29, 2024
Photo - REUTERS/Feisal Omar

ဆိုမာလီယာနိုင်ငံ၊ မြို့တော်မိုဂါဒစ်ရှူးနဲ့ နိုင်ငံအရှေ့တောင်ပိုင်းက မစ်ဒယ်ရှာဘဲလ် ဒေသတွင်း မြို့တမြို့မှာ  စက်တင်ဘာ ၂၈ ရက်က ဗုံးပေါက်ကွဲမှုကြောင့် လူ ၆ ယောက်ထက်မနည်း သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရတယ်လို့ ရဲတပ်ဖွဲ့နဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။

အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ အယ်လ်ရှာဘတ်ဟာ မိုဂါဒစ်ရှူးနဲ့ အာဖရိက ဦးချိုနိုင်ငံတွေရဲ့ တခြား နေရာတွေမှာ ဗုံးခွဲ တိုက်ခိုက်တာတွေ မကြာမကြာ လုပ်နေပေမဲ့ ခုတကြိမ် ဘယ်သူက လုပ်ခဲ့တာလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

မိုဂါဒစ်ရှူးမြို့တော်က သမ္မတရုံးနဲ့ တကီလိုမီတာလောက်အကွာ အမျိုးသားကဇာတ်ရုံအနားက လမ်းမပေါ်မှာ ရပ်ထားတဲ့ ကားတစီးမှာ ထောင်ထားတဲ့ ဗုံးက ပေါက်ကွဲခဲ့တာပါ။

ဒီပေါက်ကွဲမှုကြောင့် လူ ၅ ယောက်သေဆုံးပြီး ၇ ယောက် ဒဏ်ရာရတယ် လို့ အခင်းဖြစ်တဲ့နေရာမှာ သတင်းထောက်တွေကို ပြောခွင့်မရှိတဲ့ အမည်မဖော်သူ ရဲအရာရှိတယောက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အသေအပျောက်စာရင်းတွေကို အဲဒီဒေသက တခြား ရဲအရာရှိတယောက်က အတည်ပြုခဲ့ပါတယ်။

အယ်လ်ရှာဘတ် စစ်သွေးကြွတွေဟာ ဆိုမာလီယာနိုင်ငံ ဗဟိုအစိုးရကို ဖြုတ်ချဖို့နဲ့ အစ္စလမ္မစ်ရှာရီယာဥပဒေရဲ့ တင်းကျပ်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အပေါ် အခြေခံပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ထူထောင်ဖို့ နှစ်ပေါင်းများစွာ တိုက်ပွဲဝင် နေခဲ့ကြပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024