အာဂျင်တီးနားအသင်းနဲ့အတွက် ကစားပေးချိန်မှာ မသင့်လျော်တဲ့ အပြုအမူလုပ်ဆောင်ခဲ့တဲ့ ဂိုးသမား မာတီနက်ဇ်ကို ဖီဖာက ၂ ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။
ဗီလာဂိုးသမားဟာ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေဖြစ်တဲ့ ချီလီနဲ့ ကိုလံဘီယာအသင်းတွေနဲ့ ပွဲစဉ်တွေမှာ ပြုမူခဲ့တဲ့ အချက်တွေအပြင် ကိုပါအမေရိကဖလားကို မသင့်မလျော် လုပ်ဆောင်ခဲ့တာတွေအတွက် ဖီဖာက အရေးယူခဲ့တာပါ။
ကိုလံဘီယာကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာလည်း သူ့ရဲ့ လက်အိတ်ကို ပေါင်ခွ ကြားထဲ ကိုင်ပြီး ပြသခဲ့ပါသေးတယ်။
အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်ဘက်ကတော့ မာတီနက်ဇ်အပေါ် ပွဲပယ်ပြစ်ဒဏ်ချခဲ့တာကို လက်မခံခဲ့ပေမဲ့ လုပ်ဆောင်ခဲ့တဲ့ အပြုအမူအပေါ်မှာတော့ တာဝန်ယူမှုရှိရမှာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
ဒီပွဲပယ်ပြစ်ဒဏ်ကြောင့် အောက်တိုဘာလမှာ ကစားမယ့် ဗင်နီဇွဲလား၊ ဘိုလီးဗီးယားတို့နဲ့ ပွဲစဉ်တွေကို မာတီနက်ဇ် လွဲချော်တော့မှာ ဖြစ်ပါတယ်။