နီပေါနိုင်ငံမှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး ၂၄ နာရီအတွင်း လူ ၁၀ ဦးထက်မနည်း သေဆုံးပြီး ၇ ဦး ပျောက်ဆုံးနေကြောင်းနဲ့ လမ်းပန်းဆက်သွယ်ရေးလည်း ပြတ်တောက်ခဲ့ကြောင်း တာဝန်ရှိသူတွေက စက်တင်ဘာ ၂၈ ရက်မှာ ပြောကြားခဲ့ပါတယ်။
တောင်အာရှဒေသမှာ နှစ်စဉ်မုတ်သုံမိုး ရွာသွန်းမှု ဆုတ်ခွာဖို့ တစ်ပတ်နီးပါး နောက်ကျခဲ့တာကြောင့် ဒေသအနှံ့ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက်မှာ ဟိမဝန္တာနိုင်ငံရှိ မြစ်အများစုဟာ မြစ်ရေ ဖောရောင် မြင့်မောက်လာကာ လမ်းတံတားတွေပေါ်ကို ဖိတ်စင်လျှံကျလာခဲ့ကြောင်း အာဏာပိုင် တွေက ပြောပါတယ်။
မြေပြိုမှုတွေကြောင့် အဝေးပြေးလမ်းမရဲ့ နေရာ ၂၈ ခုမှာ လမ်းပိတ်ဆို့မှုတွေ ဖြစ်ပွားပြီးနောက်မှာ အပျက်အစီးတွေကို ရှင်းလင်းပြီးတော့ ယာဉ်နဲ့လူ အသွားအလာတွေကို ပြန်ဖွင့်ပေးခဲ့တယ် လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒန် ဘဟာဒူ ကာကီ က ပြောပါတယ်။
စက်တင်ဘာ ၂၉ ရက်အထိတော့ မိုးရွာသွန်းမှု အစောဆုံး ရပ်တန့်ဖို့က ဖြစ်နိုင်ချေ မရှိကြောင်း မြို့တော်ခတ္တမန္ဒူရှိ မိုးလေဝသခန့်မှန်းရေး အရာရှိ ဘီနူ မဟာဂျန်က ပြောကြားခဲ့ပြီး အခုနှစ်အတွင်း ရက်ရှည်မိုးရွာသွန်းမှုအတွက်လည်း အိမ်နီးချင်း အိန္ဒိယနိုင်ငံရဲ့နေရာ အစိတ်အပိုင်းတွေပေါ်မှ ဖိအားနည်းစနစ်ကိုလည်း အပြစ်တင်ခဲ့ပါတယ်။
Source-Reuters