Home
မြန်မာသတင်း
ကရင်နီတွင် ရေကြီးမြေပြိုမှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များအပါအဝင် ၂၀ ကျော်သေဆုံး
DVB
·
September 13, 2024

ကရင်နီပြည်နယ်မှာ စက်တင်ဘာ ၁၂ ရက်က မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျ ချောင်းရေကြီးတာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် လူအယောက် ၂၀ ကျော် သေဆုံးခဲ့တယ်လို့  ဒေသခံတွေက ပြောပါတယ်။ 

တိုင်ဖွန်းမုန်တိုင်း ယာဂီရဲ့ နောက်ဆက်တွဲအနေနဲ့ မြန်မာပြည်နေရာဒေသ တော်တော်များများ မိုးများပြီး ရေကြီးရေလျှံထဲအထဲမှာ ကရင်နီဒေသလည်း ပါဝင်ပါတယ်။ 

မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေတွေ ကြီးတာကြောင့် ဖယ်ခုံမြို့နယ်၊ သိကျိတ် ကျေးရွာက စစ်ဘေးရှောင်နေအိမ်တွေ စက်တင်ဘာ ၁၂ ရက်က ရေထဲမျောပါကုန်ပြီး စစ်ဘေးရှောင်ကလေးငယ် ၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းတဲ့ ၄ နှစ်နီးပါးကာလအတွင်း ကရင်နီဒေသဟာ စစ်အာဏာရှင်စနစ်ကို ခုခံတွန်းလှန်တဲ့နေရာမှာ အားကောင်းနေဆဲဖြစ်တဲ့ ဒေသတခုဖြစ်ပါတယ်။

ဒါ့ကြောင့် တော်လှန်ရေး အင်အားစုတွေဟာ တပ်သားသစ် သင်တန်းဆင်းတာ လေ့ကျင့်တာတွေ ကို  စဉ်ဆက်မပြတ် လုပ်ဆောင်နေပါတယ်။ 

စက်တင်ဘာ ၁၂ ရက်က ဆေးတပ်သားသင်တန်းတခုမှာ လေ့ကျင့်ရေးလုပ်နေရင်း ဆေးသင်တန်းသူ သင်တန်းသား ၁၈ ယောက် ရေထဲမျောပါ သေဆုံးခဲ့တဲ့  ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတဝန်းမှာ ရေကြီးရေလျှံတာကြောင့် နေပြည်တော်ကောင်စီနယ်မြေမှာ သေဆုံးသူ ၁၉ ယောက်၊ ကရင်နီဒေသမှာ ၂၀ ကျော် အပါအဝင် ၄၀ ကျော် ဝန်းကျင် ရှိလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။ 

ရေဘေးသင့်သူ အရေအတွက်ကတော့ နိုင်ငံတဝန်း သိန်းနဲ့ချီရှိလိမ့်မယ်လို့ ဆိုထားပါတယ်။ လာမယ့် ၃ ရက်တာမှာ မြန်မာနိုင်ငံနေရာ အနှံ့အပြားမှာ မိုးသည်းထန်စွာ ရွာတာ နေရာကွက်ပြီး မိုးကြီးတာတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် မြစ်ချောင်းနဲ့ မြို့ပြတွေမှာ ရေကြီးပြီး၊  လျှပ်တပြတ် ရေကြီးတာတွေကို အထူးသတိ ပြုသင့်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက သတိပေး ထုတ်ပြန်ပါတယ်။

ခွန်ဇော်ဦး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024