တရုတ်နိုင်ငံဟာ ပြန်လည်အသုံးပြုမှုနဲ့ ပြန်လည်လာနိုင်တဲ့ ဂြိုဟ်တုလွှတ်တင်မှုကို ပစ်လွှတ် စမ်းသပ်ခဲ့ပါတယ်။
ရှီဂျန်-၁၉ ဂြိုဟ်တုကို သောကြာနေ့က အာကာသထဲ ပစ်လွှတ်ခဲ့တာဖြစ်ပြီး လောင်းမတ်-တူးဒီဒုံးပျံ ကို အသုံးပြုခဲ့ပါတယ်။
ဒီပစ်လွှတ်မှုကို တရုတ်အနောက်မြောက်ဘက် ဂျီကွမ်ဂြိုဟ်တု ပစ်လွတ်ရေးစင်တာကနေ ပေကျင်း စံတော်ချိန် ညနေ ၆နာရီခွဲမှာ ပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။
ရှီဂျန်-၁၉ ဂြိုဟ်တုမှာ ပြန်လည်အသုံးပြုလို့ရမှု၊ မိုက်ခရိုဂရာဗီတီထောက်ပံ့မှု၊ မြင့်မားတဲ့ စွမ်းဆောင်ရည် ပလေးလုပ်ပါဝင်မှု၊ ပြန်လည်စမ်းနိုင်မှုစတဲ့ များပြားတဲ့နည်းပညာသစ်တွေ ပါဝင်ပါတယ်။
ဒီစမ်းသပ်မှုဟာ တရုတ်နိုင်ငံရဲ့ ဂြိုလ်တုတွေ ပြန်လည်အသုံးပြုရေးနည်းပညာကို ကြီးမားတဲ့ အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ရပါတယ်။
ဒီလို ပြန်လည်အသုံးပြုလို့ရတဲ့ ပြန်ပို့လို့ရတဲ့ဂြိုဟ်တုစနစ်သာ အောင်မြင်ပါက ကုန်ကျစရိတ်များစွာ လျှော့ချနိုင်မှာဖြစ်ပါတယ်။
ဒီဂြိုဟ်တုပစ်လွှတ်မှုမှာ ပျိုးပင်ပေါက် စိုက်ပျိုးခြင်းစမ်းသပ်မှုလည်း ပါဝင်တာတွေ့ရပါတယ်။
နေရာစုံက အပင်မျိုးစေ့တွေ သယ်ဆောင်သွားပြီး အာကာသထဲမှာ ကုတ်အား၊ သန္ဓေ ပြောင်းလဲမှုနဲ့ ရှင်သန်မှုအခြေအနေတို့ကို စမ်းသပ်စိုက်ပျိုးတဲ့ အတွေ့အကြုံယူဖို့ပဲဖြစ်ပါတယ်။
အာကာသထဲမှာ သက်ရှိ အပင်စိုက်ပျိုးခြင်းဟာ အာကာသရဲ့နည်းစနစ်သစ် တခုဖြစ်ပြီး ဒီလုပ်ဆောင်ချက်ကို တရုတ်က တိုးမြှင့် စမ်းသပ်နေတာပဲဖြစ်ပါတယ်။
ရှီဂျန် -၁၉ ဟာ ထိုင်း၊ ပါကစ္စတန်အပါအဝင်နိုင်ငံ ၅ နိုင်ငံက မျိုးစေ့တွေလည်း ယူဆောင်ပြီး စမ်းသပ်မှုတွေပြုလုပ်မှာဖြစ်ပါတယ်။
ဒီပစ်လွှတ်မှုဟာ လောင်မတ်စီးရီးဒုံးကျည်ရဲ့ ၅၃၇ ကြိမ်မြောက် ပစ်လွှတ်မှုဖြစ်ပါတယ်။
Source-Reuters