ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့မှာ မြေအောက်ပိုက်ပေါက်ကွဲမှုကြောင့် စက်တင်ဘာ ၂၆ ရက်က ဧရာမ မြေတွင်းကြီးတခု ပေါ်လာခဲ့ပြီး ဒေသခံတွေကို ဘေးလွတ်ရာပြောင်းရွှေ့ခိုင်းခဲ့ရပြီး အနီးနားရှိ အခြေခံအဆောက်အအုံတွေကိုလည်း ထိခိုက်ခဲ့ကြောင်း အများပြည်သူပိုင်ရုပ်သံ NHK က သတင်းထုတ်ပြန်ပါတယ်။
အဲဒီနေရာရှိ လမ်းဆုံတခုအနားမှာ မြေအောက်ရှိ ရေပိုက်တခု ပေါက်ကွဲခဲ့ပြီးနောက်မှာ ဖြစ်ပေါ်လာတဲ့ မြေတွင်းကြီးက အရှည် ၄၀ မီတာနဲ့ အကျယ် ၁၅ မီတာလောက် ရှိကြောင်းလည်း NHK က ပြောပါတယ်။
အဆောက်အဦ ၈ လုံး ယိုင်ကျကာ အက်ကွဲလာခဲ့ပြီးနောက်မှာ ဒေသခံတွေကို ဘေးလွတ်ရာ ယာယီ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
အလုပ်သမားတွေဟာ မုန်တိုင်းဒဏ်ခံ မြောင်းတခုတည်ဆောက်ဖို့ မြေအောက် တူးဖော်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာပဲ မြေတွင်းကြီး ပေါ်လာခဲ့တာဖြစ်ကြောင်း ဟီရိုရှီးမားမြို့မှ တာဝန်ရှိသူတွေက ပြောပါတယ်။
ရေဆိုးပိုက်တခု ဆောက်လုပ်နေတုန်းမှာပဲ ပုံမှန်မဟုတ်တဲ့ ရေထွက်တာကို တွေ့ရှိခဲ့ရပြီးတော့ မိနစ်အနည်းငယ်အကြာမှာပဲ ဘေးဒဏ်သင့် ဧရိယာမှ လမ်းက နိမ့်ဝင်ပြိုကျသွားလို့လမ်းမှာ ရေလျှံသွားတယ်လို့လည်း ဆိုပါတယ်။ ဒီဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းလည်း သိရပါတယ်။
Source: Reuters