Home
မြန်မာသတင်း
ရန်ကုန်တွင် ရက်ဆက်မိုးရွာသွန်းမှုကြောင့် ရေမြုပ်မှုများဖြစ်ပေါ်
DVB
·
September 24, 2024
flood_24092024
flood3_24092024
flood1_24092024-1
flood1_24092024

ရန်ကုန်မှာ  မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့နယ်အချို့မှာ ရေနစ်မြုပ်တာတွေ ဖြစ်နေပြီး နေအိမ်တွေထဲအထိ ရေဝင်ရောက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အခုလ ၂၁ ရက်နေ့ကနေ ဒီနေ့အထိ ရန်ကုန်မှာ မိုးအဆက်မပြတ်ရွာနေပြီး အနိမ့်ပိုင်းကျတဲ့ ရပ်ကွက်တွေ ရေမြုပ်နေကာ နေအိမ်တွေထဲအထိ ဝင်ရောက်နေတာကြောင့် ပစ္စည်းတွေ ရွှေ့ပြောင်းရတာ၊ အခြားနေရာတွေမှာ ညအိပ်ရ‌တာတွေ ဖြစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အင်းစိန်မြို့နယ်မှာနေသူတဦးက “မြစ်ရေတက်လို့တော့မဟုတ်ဘူး။ မိုးက တောက်လျှောက်ရွာတာရယ်၊ မိုးအားကောင်းတာကြောင့် အနိမ့်ပိုင်းတွေ ရေမြုပ်ကုန်တာ။ ၂၁ ရက်နေ့ မတိုင်ခင်ကတော့ ညပိုင်းမှာ ဒီရေတက်သေးတယ်။ အဲ့ဒီတုန်းကလည်း အိမ်ထဲရေဝင်တာပဲ” လို့ ပြောပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ် နဲ့ ရခိုင် ပြည်နယ်တို့မှာ မိုးတိမ်တောင်ဖြစ်ထွန်းမှု အားကောင်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်တွေ ရွေ့လျားရာ နေရာတလျှောက် မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီး လက်ခြင်းနဲ့ မိုးသီးကြွေခြင်း စတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလက အသိပေးထားပါတယ်။

ရန်ကုန်မှာ အခုလို မိုးဆက်တိုက် ရွာသွန်းနေတဲ့အတွက် သစ်ပင်တွေ ပြိုလဲတာ၊ ဓာတ်ကြိုးတွေ ပြတ်ကျတာတွေနဲ့ လမ်းပေါ်ကိုရေတင်တဲ့အတွက် ယာဉ်ကြောပိတ်တာတွေလည်း ဖြစ်နေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013