ဂရိနိုင်ငံ၊ ဆမော့စ်ကျွန်းအနီးမှာ စက်တင်ဘာ ၂၃ ရက်က လှေနစ်မြုပ်သွားပြီးနောက် ရွှေ့ပြောင်းနေထိုင်သူ ၃ ယောက် သေဆုံးပြီး အများအပြား ပျောက်ဆုံးမှာကို စိုးရိမ်ရကြောင်း နိုင်ငံရဲ့ ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
သေဆုံးသွားတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၃ ယောက်စလုံးဟာ အမျိုးသမီးတွေဖြစ်ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
အခုချိန်အထိ ရွှေ့ပြောင်းနေထိုင်သူ ၅ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး သူတို့ထဲက ကိုယ်ဝန်ဆောင်အမျိုးသမီးတယောက်နဲ့ အရွယ်မရောက်သေးသူ တယောက်တို့ကို ဆေးစစ်ဖို့ ဆေးရုံကို ပို့ဆောင်ထားကြောင်း တခြားအရာရှိတယောက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
တနင်္လာနေ့က ရွှေ့ပြောင်းနေထိုင်သူတွေကို ကျွန်းရဲ့ဆိပ်ကမ်းမြို့ ကာလိုဗာစီရှိ ကမ်းရိုးတန်းစောင့် သင်္ဘောတစီးပေါ်မှာ နေရာချထားပါတယ်။
အယ်ဂျီယံကျွန်းရဲ့ အနောက်မြောက်ဘက်ရှိ အာဂီယော့စ် အီစီဒိုရော့စ် ကျောက်ဆောင်ကမ်းခြေတွေပေါ်မှာ တည်ဆောက်ထားတဲ့ သင်္ဘောပေါ်မှာ ရွှေ့ပြောင်းနေထိုင်သူ အနည်းဆုံး ၃၀ ထက်မနည်း လိုက်ပါလာတယ်လို့ ယူဆရကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဂရိနိုင်ငံဟာ ၂၀၁၅-၂၀၁၆ ခုနှစ်က အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ အာရှမှ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ဒုက္ခသည်တွေအတွက် ဥရောပသမဂ္ဂဆီ သွားလမ်းလာလမ်းဖြောင့်တဲ့ ဂိတ်ပေါက်တခု ဖြစ်ခဲ့ပါတယ်။
အဲဒီကာလတုန်းက ဂရိကျွန်းတွေဆီ လူ ၁ သန်းနီးပါး ရောက်လာခဲ့ကြပြီး အများအားဖြင့် ရာဘာရွက်လှေတွေနဲ့ လာခဲ့ကြတာ ဖြစ်ပါတယ်။
Source-Reuters