အဲဗာတန်ကိုဝယ်ယူရန် အီတလီကလပ် ရိုးမားအသင်းပိုင်ရှင် သဘောတူ
DVB
·
September 24, 2024
အီတလီကလပ် ရိုးမားအသင်းပိုင်ရှင်ဟာ အဲဗာတန်အသင်းရှယ်ယာအများစုကို ဝယ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။
အဲဗာတန်အသင်းကို ၂၀၁၆ ခုနှစ်ကတည်းက ဖာဟတ်မိုရှိရီက ဝယ်ယူခဲ့တာပါ။
အဲဗာတန်အသင်းဘက်က ရောင်းချခဲ့တဲ့ ရှယ်ယာအသေးစိတ်ကို မသိရသေးပေမဲ့ ပေါင် သန်း၄၀၀ ကနေ ပေါင်သန်း ၅၀၀ အတွင်းရှိတယ်လို သိရပါတယ်။
အဲဗာတန်ရဲ့ ရှယ်ယာအများစုကို ဝယ်ယူခဲ့တဲ့ အမေရိကန်စီးပွားရေးကုမ္ပဏီ The Freidkin Group ဟာ အီတလီကလပ်ရိုးမားအသင်းရဲ့ ရှယ်ယာ အများစုကိုလည်း ပိုင်ဆိုင်ထားပါတယ်။
Photo-Reuters