Home
အားကစား
ဒိန်းမတ်နှင့် နာပိုလီကွင်းလယ်လူ လင်းစထရုန်းကို အဲဗာတန်အသင်း ခေါ်ယူ
DVB
·
July 28, 2024
Photo - Reuters/Ciro De Luca/Ritzau Scanpix

အဲဗာတန်အသင်းဟာ ဒိန်းမတ်နဲ့ နာပိုလီကွင်းလယ်ကစားသမား ဂျက်စ်ပါလင်းစထရုန်းကို အငှားစာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။ 

အသက် ၂၄ နှစ်ရှိ ကွင်းလယ်တိုက်စစ်ကစားသမားဟာ မနှစ်က နာပိုလီအသင်းမှာ ပွဲထွက်ခွင့် နည်းပါးခဲ့ပေမဲ့ ဂျာမန်ကလပ် ဖရန့်ဖတ်မှာကစားစဉ်က ခြေစွမ်းပြ ကစားနိုင်ခဲ့သူပါ။

အဲဗာတန်အသင်းဟာ သမိုင်းအစဉ်အလာကြီးမားတဲ့ အသင်းကြီး တသင်းဖြစ်ပြီး အဲဗတန်အသင်း ကို ကိုယ်စားပြုကစားခွင့်ရခဲ့တဲ့အပေါ် ကျေနပ်ဂုဏ်ယူမိတယ်လို့ စာချုပ်ချုပ်ဆိုအပြီးမှာ ပြောပါတယ်။ 

အဲဗာတန်အနေနဲ့ ရာသီကုန်ဆုံးချိန်မှာ အပြီးသတ်ခေါ်ယူခွင့်လည်း ထည့်သွင်းချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ 

နိုင်ငံတကာပွဲစဉ်တွေအပါအဝင် ဥရောပပွဲစဉ်တွေလည်း ကစားခဲ့ဖူးတာကြောင့် အဲဗာတန်အသင်းကို ကူညီပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း လင်းစထရုန်းက ပြောသွားပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013