မန်ယူအသင်းဟာ အဲဗာတန်နောက်ခံလူ ဘရေ့ဝိတ်အတွက် ဒုတိယအကြိမ် ထပ်မံကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။
မန်ယူအသင်းဟာ အင်္ဂလန်နောက်ခံလူ ဘရေ့ဝိတ်အတွက် ကနဦး ပြောင်းရွှေ့ကြေးပေါင် ၃၅ သန်း အပါအဝင် ထပ်ဆောင်းအပိုဆုကြေး ပေါင် ၈ သန်းပေးပြီး ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တာပါ။
အဲဒီကမ်းလှမ်းချက်ကို အဲဗာတန်အသင်းဘက်က ပယ်ချသွားခဲ့တာကြောင့် ဒုတိယအကြိမ် ထပ်မံကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
အဲဗာတန်အသင်းဟာ ဘရေ့ဝိတ်ကို ရောင်းချဖို့ ဆန္ဒမရှိပေမဲ့ ပေါင် ၇၅ သန်းခန့်ရရှိမယ်ဆိုရင် လက်ခံစဉ်းစားသွားမှာပါ။
မန်ယူအသင်းဟာ နောက်ခံလူ ဗာရန်းကို ထွက်ခွာခွင့်ပေးမှာဖြစ်သလို မာတီနက်ဇ်ဟာလည်း ဒဏ်ရာ မကြာခဏရရှိတတ်သူဖြစ်တာကြောင့် ဗဟိုနောက်ခံလူတဦး ခေါ်ယူဖို့က ဦးစားပေးပစ်မှတ် ဖြစ်တယ်လို့ သိရပါတယ်။