၂၀၂၂ ခုနှစ်မှာ စီးပွားရေးကျဆင်းမှုနဲ့ အဆိုးရွားဆုံး ရင်ဆိုင်ခဲ့ရတဲ့ သီရိလင်္ကာနိုင်ငံမှာ သမ္မတသစ် အတွက် ရွေးကောက်ပွဲ စတင်မဲပေးမှု ပြုလုပ်ခဲ့ပါတယ်။
ဒီမဲပေးမှုဟာ နိုင်ရဲ့စီးပွားရေးပြန်လည် တည့်မတ်နိုင်မှုအတွက် ရည် ရွယ်ပြီး အဓိက မဲပေးမှု ဖြစ်ပါတယ်။
လူအများစုကတော့ အခွန်တိုးမြင့်လာမှုကို အဆုံးသတ်ဖို့ ဆန္ဒရှိနေတာဖြစ် ပါတယ်။
သီရိလင်္ကာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုမြင့်မားလာပြီး နေထိုင်စရိတ်တိုးမြင့်လာခြင်းတို့ကြောင့် ဒီရွေးကောက်ပွဲဟာ နိုင်ငံအတွက် အတိမ်းအစောင်းမခံတဲ့ ရွေးကောက်ပွဲတစ်ခုပဲဖြစ်ပါတယ်။
သီရိလင်္ကာရှိ လူ ၂၂ သန်းမဲပေးခွင့်ရှိပြီး ၁၇ သန်းကျော်က သမ္မတနေရာအတွက် သင့်တော်တဲ့သူကို ရွေးချယ်ရမှာဖြစ်ပါတယ်။
လက်ရှိတာဝန်ထမ်းဆောင်ဆဲ သမ္မတ ဝစ်ကရာမက်ဆင်ဂေဟာ ပြိုင်ဘက်တွေဖြစ်တဲ့ ပရီမာဒါဆာ၊ ကူမာရာတို့ ၂ ဦးနဲ့ အဓိက ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
သမ္မတသစ်ရွေးချယ်မှုအတွက် မဲပေးမှုကို ဒီနေ့မနက် ၇ နာရီမှာ စတင်ခဲ့ပြီး ညနေ ၄ နာရီမှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။
သီရိလင်္ကာနိုင်ငံဟာ ကြွေးမြီ ဒေါ်လာ ၈၃ ဘီလီကျော်ခဲ့ပြီး ငွေကြေးဖောင်းပွမှု ၇၀ ရာခိုင်နှုန်း အထိ မြင့်တက်ခဲ့တဲ့အတွက် သမ္မတရာဂျာပတ်ဆာနဲ့ အစိုးရအဖွဲ့ကို ၂၀၂၂ ခုနှစ်က ဆန္ဒပြမှုတွေ ပြုလုပ် ခဲ့ကြပါတယ်။
၂၀၂၂ ဇူလိုင် ၁၃ ရက်မှာတော့ ဆန္ဒပြလူထုက သမ္မတအိမ်တော်ကို ဝင်ရောက်ခဲ့ပုံများ ကမ္ဘာ့ရုပ်သံထုတ်လွှင့်မှုများတွင် ပါဝင်ခဲ့ပါတယ်။
သီရိလင်္ကာနိုင်ငံဟာ လက်ရှိအချိန်မှာ ယာယီအစိုးရအဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ သမ္မတသစ် ရွေးကောက်ပွဲ ကို ကျင်းပနေတာဖြစ်ပါတယ်။
သီရိလင်္ကာနိုင်ငံဟာ ငွေကြေးတန်ဖိုး ကျဆင်းမှု၊ အသေးစားလုပ်ငန်းများ ရပ်ဆိုင်းခဲ့ရမှုနဲ့ အလုပ်အကိုင် ရှားပါးမှုတို့နဲ့ ကြုံတွေ့နေရ ပါတယ်။
Source-Reuters