Home
နိုင်ငံတကာ
သူသာ ရွေးကောက်ပွဲ ရှုံးသွားပါက အစ္စရေး ရှင်းလင်းသုတ်သင်ခံရမည်ဟု ထရမ့်ပ် ပြော
DVB
·
September 21, 2024
photo-Reuters

၂၀၂၃ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ သူသာ အနိုင်မရခဲ့ရင် အစ္စရေးဟာ ကမ္ဘာမြေပေါ်ကနေ သုတ်သင် ရှင်းလင်းခံရလိမ့်မှာဖြစ်ပြီး ဒီရွေးကောက်ပွဲဟာ အစ္စရေးကို ကယ်တင်ခြင်းအကြောင်း ဖြစ်တယ်လို့ ရီပတ်ဘလစ်ကန် သမ္မတကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့်ပ်က စက်တင်ဘာ ၁၉ ရက်မှာ ပြောကြားလိုက်ပါတယ်။

အမေရိကန်မှာ ဂျူးဆန့်ကျင်ရေးကို တိုက်ဖျက်ခြင်း ခေါင်းစဉ်နဲ့ အစ္စရေး-အမေရိကန် ကောင်စီက ကမကထပြုတဲ့ အခမ်းအနားတခုမှာ သမ္မတဟောင်း ထရမ့်ပ်က အခုလို မှတ်ချက်ပေးခဲ့တာပါ။

သူကိုးကားခဲ့တဲ့ စစ်တမ်းအရ ဂျူး-အမေရိကန်တွေအကြားမှာ သူ့ရဲ့ထောက်ခံမှုက ၄၀ ရာခိုင်နှုန်းပဲ ရှိလို့ ကြေကွဲရကြောင်းနဲ့ ဒီအတိုင်းသာ ဆက်ဖြစ်နေမယ်ဆိုရင် ဂျူးလူမျိုးတွေဟာ ဆုံးရှုံးမှု များလိမ့်မယ်လို့လည်း ထရမ့်ပ်က ပြောပါတယ်။

သူကသာလျှင် ဂျူးတွေကို ကာကွယ်ပေးနေသူဖြစ်ပြီး သူသာ ရွေးကောက်ပွဲနိုင်ခဲ့ရင် အစ္စရေးဟာ လုံခြုံမှာဖြစ်ပြီး၊ ဂျူးဆန့်ကျင်ရေးရဲ့ အဆိပ်အတောက်ကို အမေရိကနဲ့ ကမ္ဘာတဝန်းလုံးကို မပြန့်ပွားစေဖို့ တားဆီးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဂျူး-အမေရိကန်တွေ ၆၀ ရာခိုင်နှုန်းက ကမ်မလာဟားရစ်ကို မဲပေးကြတာဖြစ်လို့ အဲဒါတွေက မင်းတို့ကို ဖျက်ဆီးမယ့်သူတွေသာ ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။ ၄၀ ရာခိုင်နှုန်းဆိုတဲ့ အရေအတွက်ဟာ ဒီနိုင်ငံနဲ့ အစ္စရေးကို စော်ကားလိုက်တာပဲ လို့လည်း ဆိုပါတယ်။

ထရမ့်ပ်ဟာ မကြာသေးမီနှစ်တွေအတွင်း ဂျူးဝါဒ ဆန့်ကျင်ရေး ပေါက်ကွဲမှုတခုအတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကိုယ်စားလှယ်ဖြစ်တဲ့ လက်ရှိဒုသမ္မတ ကမ်မလာဟားရစ်ကိုလည်း ပြစ်တင်ပြောကြားခဲ့ပါတယ်။

အစ္စရေးလိုလားတဲ့ အုပ်စုတွေဟာ အရင်တုန်းက မခိုင်မာတော့ဘူးလို့လည်း သတိပေးလိုက်ပြီး လွန်ခဲ့သော ၁၅ နှစ်လောက်က “ဂျူးလူမျိုးတယောက်အကြောင်း ဒါမှမဟုတ် အစ္စရေးအကြောင်း မကောင်းပြောမိတာနဲ့တင် နိုင်ငံရေးနဲ့ ကင်းကွာသွားနိုင်ပေမဲ့ အခုတော့ ဒါမျိုး မရှိနိုင်တော့ဘူး လို့လည်း ပြောသွားပါတယ်။ 

Source-Reuters

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013