Home
အားကစား
မန်ယူ၊ ချဲလ်ဆီးနှင့် စပါးတို့ ထိပ်ဆုံး ၄ သင်းစာရင်းမဝင်နိုင်ဟု ဒေးဗစ်ဂျိမ်းစ် သုံးသပ်
DVB
·
September 21, 2024
photo-Reuters

မန်ယူ၊ ချဲလ်ဆီးနဲ့ စပါးအသင်းတွေအနေနဲ့ အခုနှစ်ရာသီမှာ ထိပ်ဆုံး ၄ သင်း စာရင်းမဝင်နိုင်ကြောင်း ဂိုးသမားဟောင်း ဒေးဗစ်ဂျိမ်းစ်က သုံးသပ်သွားပါတယ်။

အင်္ဂလန်ဂိုးသမားဟောင်းဟာ  ၁၉၉၂ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်အထိ ပရီးမီးယားလိဂ်ပွဲစဉ် စုစုပေါင်းပွဲ ၆၀၀ နီးပါးကစားခဲ့တာပါ။

လက်ရှိအချိန်မှာ ဘောလုံးသုံးသပ်သူအဖြစ်လုပ်ကိုင်နေတဲ့ ဒေးဗစ်ဂျိမ်းစ်ဟာ ရာသီအကုန်မှာ ထိပ်ဆုံး ၄ သင်းစာရင်းဝင်နိုင်မယ့် အသင်းတွေကို ခန့်မှန်းသုံးသပ်ခဲ့တာပါ။

မနှစ်ကလိုပဲ မန်စီးတီးက ချန်ပီယံဆုဖလားယူနိုင်ခြေများပြီး  အာဆင်နယ်နဲ့ လီဗာပူးအသင်းတွေက ဆုဖလားကို စိန်ခေါ်နိုင်မယ့်သူတွေဖြစ်တယ်လို့  ဒေးဗစ်ဂျိမ်းက ပြောပါတယ်။

အဆင့် ၄ နေရာအတွက် ဗီလာနဲ့ နယူးကာဆယ်အသင်းတို့ အပြိုင်လုသွားရမှာဖြစ်ပြီး မန်ယူ၊ ချဲလ်ဆီးနဲ့ စပါးအသင်းတွေဟာ ထိပ်ဆုံး ၄ သင်းစာရင်းက မဝင်နိုင်ကြောင်း ဂိုးသမားဟောင်း ဒေးဗစ်ဂိမ်းစ် က သုံးသပ်သွားပါတယ်။ 

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013