နွေဦးတော်လှန်ရေး ၃ နှစ်ကျော်အတွင်းမှာ နွေဦးဘဏ်၊ NUG Pay၊ တော်လှန်ရေးအလွန် စီမံကိန်းတွေနဲ့ ဘွန်းရောင်းတာတွေအပါအဝင် ရန်ပုံငွေရှာဖွေရေးလုပ်ငန်းတွေကနေ တော်လှန်ရေး ရန်ပုံငွေ စုစုပေါင်း အမေရိကန် ဒေါ်လာသန်း ၂၀၀ နဲ့ ၃၀၀ကြားရရှိပြီးဖြစ်တယ်။ စစ်ရေးအတွက်နဲ့ တပ်အင်စတီကျူးရှင်းထူထောင်ဖို့သုံးတဲ့ ပမာဏက အများဆုံးဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားလိုက်ပါတယ်။
လက်ရှိ နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီးလည်း ဒေါ်ဇင်မာအောင်က “ကျမတို့တော်လှန်ရေးက အမေရိကန်ကြောင့်ဖြစ်တာလည်းမဟုတ်ဘူး။ တရုတ်ကြောင့် ဖြစ်တာလည်း မဟုတ်ဘူး။ ကျမတို့ပြည်သူလူထုတွေ မြန်မာပြည်မှာ ဒီမိုကရေစီအရေး ရုန်းကန်လှုပ်ရှားခဲ့တာ အခုနွေဦးတော်လှန်ရေးမှမဟုတ်ဘူး။ မျိုးဆက်ပေါင်းများစွာ ကြိုးစားခဲ့ကြတာဖြစ်တယ်” လို့ ပြောပါတယ်။
NUG နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ကို DVB သတင်းဌာနမှ ဗျူရိုအကြီးအကဲ ဒေါ်မွန်မွန်မြတ်က သီးသန့်ဆက်သွယ်မေးမြန်းရာမှာ ပြောကြားထားတာ ဖြစ်ပါတယ်။
မေးမြန်းချက် အပြည့်အစုံ ကြည့်ရှုရန်—