မာလီနိုင်ငံမြို့တော် ဘာမာကိုရှိ ရဲသင်တန်းကျောင်းနဲ့ တခြားနေရာတွေကို စက်တင်ဘာ ၁၇ ရက် အရုဏ်မတက်မီက တိုက်ခိုက်ခဲ့တဲ့ သူပုန်တွေကို စစ်တပ်က ကြားဖြတ်တိုက်ခိုက်ခဲ့အပြီး မြို့တော်ထဲမှာ အခြေအနေ တင်းမာနေပါတယ်။
ဘာမာကိုမြို့တော်ရဲ့ အရှေ့တောင်ဘက်အစွန်ပိုင်းက ဖလေဒီခရိုင်မှာရှိတဲ့ နိုင်ငံတကာလေဆိပ်နားက ရဲအရာရှိသင်တန်းကျောင်း အပါအဝင် မြို့တော်ရဲ့ ထိလွယ်ရှလွယ်နေရာတချို့ကို တိုက်ခိုက်တာ ခံခဲ့ရတယ်လို့ မာလီစစ်အစိုးရက ပြောပါတယ်။
လေဆိပ်နဲ့ အနားက စစ်အခြေစိုက်စခန်း တဝိုက်မှာ သေနတ်သံတွေ ထွက်လာတယ်လို့ အမည်မဖော်လိုတဲ့ ရဲစုံထောက် တယောက်ကပြောပါတယ်။
ပင်မလေဆိပ်အနားက နေရာတွေအပါအဝင် ရပ်ကွက်အများအပြားမှာ သေနတ်သံတွေကြား ခဲ့ရတယ်လို့ လုံခြုံရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒါပေမဲ့ ဈေးဆိုင်တွေပိတ်ပြီး လမ်းတွေပေါ်မှာ ကင်းလှည့်နေတဲ့ လူငယ်အုပ်စုတွေကို ခြိမ်းခြောက်နေလို့ ဘာမာကိုမြို့တော်မှာ အခြေအနေ တင်းမာနေဆဲပဲလို့ ရိုက်တာသတင်းဌာနရဲ့ မျက်မြင်သက်သေက ပြောပါတယ်။
စီးကရက် ရောင်းသူတယောက်က ကျည်ဆန်ခါးပတ်ကို ဝတ်ဆင်ထားလို့ တိုက်ခိုက်သူတွေထဲက တယောက်လို့ သံသယရှိတဲ့အတွက် လူအုပ်က မီးရှို့သတ်ခဲ့ကြတယ်လို့ အနားက လူတွေကို မေးမြန်းပြီး မျက်မြင်သက်သေက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
Source-Reuters