Home
နိုင်ငံတကာ
အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဒေါ်နယ်ထရမ့်ပ် တွေ့မည်
DVB
·
September 18, 2024
Photo - REUTERS/Al Drago

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်က အိန္ဒိယဟာ အမေရိကန်-အိန္ဒိယ ကုန်သွယ်မှု ဆက်ဆံရေးကို အလွန်အမင်း အလွဲသုံးစားလုပ်တဲ့နိုင်ငံလို့ စက်တင်ဘာ ၁၇ ရက် မဲဆွယ်ပွဲမှာ ပြောလိုက်ပါတယ်။

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီနဲ့ လာမယ့်သီတင်းပတ်မှာ တွေ့မယ်လို့လည်း ထရမ့်ပ်က ပြောပါတယ်။

နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲအတွက် ရီပတ်ဘလီကန် ကိုယ်စားလှယ်လောင်းက မစ်ရှီဂန်ပြည်နယ် ဖလင့်ချ်မြို့မှာတွေ့မယ့်  အသေးစိတ် အချက်အလက်တွေကို မပြောခဲ့ပါဘူး။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဩစတြေးလျ၊ အိန္ဒိယနဲ့ ဂျပန်တို့က ခေါင်းဆောင်တွေနဲ့အတူ ထိပ်သီးအစည်းအဝေးကို စက်တင်ဘာ ၂၁ ရက်ကျရင် ဒဲလာဝဲမြို့မှာ လက်ခံကျင်းပမှာပါ။

အိန္ဒိယအစိုးရဟာ အာရှမှာ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို တန်ပြန်ဖို့ ဇယ်ပြားတချပ်အဖြစ် အမေရိကန်အစိုးရက ရှုမြင်မှု ပိုတိုးလာနေတယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

အမေရိကန်သမ္မတလောင်း ကိုယ်စားလှယ်တွေအပေါ် စစ်တမ်းတွေအရ အိန္ဒိယနွယ်ဖွား ဟားရစ်နဲ့ ထရမ့်ပ် တို့ကြား ပြိုင်ဆိုင်မှု အကြိတ်အနယ် ဖြစ်နေတာကို ပြသနေပါတယ်။

တိတိကျကျ မပြောဘဲ ကုန်သွယ်ရေးနဲ့ ပတ်သက်လို့ အိန္ဒိယကို ဝေဖန်နေပေမဲ့ ထရမ့်ပ်က မိုဒီဟာ သိပ်ကောင်းတဲ့လူလို့ ခေါ်ဆိုပြန်ပါတယ်။

ထရမ့်ပ်နဲ့ မိုဒီတို့ဟာ ထရမ့်ပ် သမ္မတတာဝန်ယူချိန်က နွေးထွေးတဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်က ထရမ့်ပ် အိန္ဒိယကို လာလည်ချိန်မှာ မိုဒီက ကမ္ဘာ့အကြီးဆုံး ခရစ်ကက် အားကစားကွင်းဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ထရမ့်ပ်အတွက် ကြီးမားတဲ့ လူထုစုဝေးပွဲတခု ကျင်းပပေးခဲ့ပါတယ်။

ထရမ့်ပ်ကို ကြိုဆိုတဲ့ လူစုလူဝေးကလည်း ဟင်ဒီဘာသာစကားနဲ့ မင်္ဂလာပါ ထရမ့်ပ် လို့ အဓိပ္ပာယ်ရတဲ့ “Namaste Trump” ဦးထုပ်တွေ ဝတ်ဆင်ခဲ့ကြပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013