Home
နိုင်ငံတကာ
ပူတင်က ဟားရစ်ကို ထောက်ခံသဖြင့် ထရမ့်ပ် စိတ်အနှောင့်အယှက်ဖြစ် 
DVB
·
September 9, 2024
Photo - Reuters/Brian Snyder

ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒီမိုကရက်တစ်ပြိုင်ဘက် ဒုသမ္မတ ကမ်မလာဟားရစ်အတွက် ထောက်ခံချက်ပေးလို့ စိတ်အနှောင့်အယှက် ဖြစ်ရတယ်လို့ အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်က စက်တင်ဘာ ၇ ရက် မှာ ပြောလိုက်ပါတယ်။

အခုသီတင်းပတ်အစောပိုင်းမှာ ရုရှားသမ္မတပူတင်က အမေရိကန် ရွေးကောက်ပွဲမှာ ကမ်မလာဟားရစ်ကို အနိုင်ရစေချင်ပြီး ဟားရစ်ရဲ့ “ကူးစက်တတ်တဲ့” အရယ်အပြုံးက ဒေါ်နယ်ထရမ့်ပ်ထက် ပိုသဘောကျရတဲ့ အကြောင်းရင်းတခုအဖြစ် ပြောင်ပြောင်တင်းတင်း မှတ်ချက်ပေးခဲ့တာပါ။

အဲဒီနောက်မှာ  ထရမ့်ပ်က “သူက ကမ်မလာကို ထောက်ခံပါတယ်။ အဲဒါအတွက် ကျနော် အရမ်း စိတ်မကောင်းဖြစ်မိပါတယ်။ သူက ကမ်မလာကို ဘာကြောင့် ထောက်ခံတာလဲဆိုတာ ကျနော် အံ့ဩမိပါတယ်။ ပူတင်က စစ်တုရင် ကစားသမားပါ” လို့ ဝစ္စကိုဆင် ပြည်နယ် မာစီနီမြို့မှာလုပ်တဲ့ လူထုစည်းဝေးပွဲမှာ ထောက်ခံသူတွေကို ပြောပါတယ်။

ပူတင်က ပြုံးပြုံးရွှင်ရွှင်နဲ့ မှတ်ချက်ပေးခဲ့တာ ဟုတ်၊ မဟုတ်ကိုလည်း သူက မေးခွန်းထုတ်ခဲ့ပါတယ်။ 

နိုဝင်ဘာမှာ ကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲကို ရုရှား လိုလားတဲ့ ဝါဒဖြန့်မှုတွေနဲ့ လွှမ်းမိုးဖို့ တရားမဝင် အကြံအစည်တခုနဲ့ ပတ်သက်ပြီး အမေရိကန် တရားရေးဌာနက ရုရှားမီဒီယာအမှုဆောင်နှစ်ယောက်ကို တရားစွဲဆိုပြီးနောက် တရက်အကြာမှာ ပူတင်က မထင်မှတ်ထားဘဲ ခုလို မှတ်ချက်ကို ပြောခဲ့တာ ဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013