ရုရှားသမ္မတပူတင်ဟာ မွန်ဂိုလီးယားနိုင်ငံကို လာမယ့်အပတ်မှာ လာရောက်လည်ပတ်မှာဖြစ်ပြီး အဲဒီအချိန်မှာ ပူတင်ကို ဖမ်းဆီးဖို့ ယူကရိန်းနိုင်ငံက တိုက်တွန်းလိုက်ပါတယ်။
မွန်ဂိုလီးယားနိုင်ငံ အလည်အပတ်ခရီးဟာ ပူတင်အတွက် ICC အဖွဲ့ဝင်နိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်လည်ပတ်မှုဖြစ်လာမှာ ဖြစ်ပါတယ်။
ပူတင်ကို အပြည်ပြည်ဆိုင်ရာဇဝတ်မှုတရားရုံး (ICC) က ဖမ်းဝရမ်းထုတ်ထားတာဖြစ်ပြီး အဲဒီအချိန်ကတည်းက ICC အဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံတွေကိုပဲ သွားလေ့ရှိပါတယ်။
တရားရုံးက ပူတင်ကို စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတယ်လို့ စွပ်စွဲထားပြီး စစ်ပွဲစချိန် ယူကရိန်းက ရုရှားကို ပြေးလာတဲ့ ကလေးတွေကိုလည်း ပြည်နှင်ဒဏ်ပေးခဲ့တာတွေလည်း ပါဝင်ပါတယ်။
ICC ပြောခွင့်ရှိသူက ICC ရဲ့ စည်းမျည်းတွေအတိုင်း လိုက်နာဖို့ ပြောခဲ့တယ်လို့ မီဒီယာတွေကို ပြောပါတယ်။
ရုရှားကတော့ ပူတင်ရဲ့ အလည်အပတ်ခရီးစဉ်ကို လာမယ့် အင်္ဂါနေ့မှာ ပြန်လုပ်မယ်လို့ဆိုပြီး စိတ်ပူပန်မှုမရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။ ရုရှားနိုင်ငံကတော့ ICC ရဲ့ ဝရမ်းထုတ်ထားမှုကို လက်ခံနိုင်ဖွယ်မရှိလို့ သတ်မှတ်ခဲ့ပြီး စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
ICC ဟာ သံသယဖြစ်ရုံနဲ့ ဖမ်းဆီးပိုင်ခွင့်မရှိဘဲ အဖွဲ့ဝင်နိုင်ငံတွေရဲ့ တရားစီရင်ပိုင်ခွင့်တခုသာ ရှိတယ်လို့လည်း ဖော်ပြပါတယ်။
ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးက ပူတင်က စစ်ရာဇဝတ်ကောင်တယောက်ဆိုတာ သိသာကြောင်း၊ နိုင်ငံတွေရဲ့ အာဏာပိုင်တွေက ပူတင်ကို ဖမ်းပြီး နယ်သာလန်က ICC မှာ တရားစီရင်ရမှာ ဖြစ်ကြောင်း ပြောပါတယ်။
ပူတင်ဟာ ICC ရဲ့ ဖမ်းဝရမ်းထုတ်ပြီးနောက် တောင်အာဖရိကကို အလည်သွားရောက်မယ့် ခရီးစဉ်ကို ပြီးခဲ့တဲ့နှစ်က ဖျက်သိမ်းခဲ့တာ တွေ့ရပါတယ်။
Source-Reuters