ယူကရိန်း-ရုရှား စစ်ပွဲကိုအဆုံးသတ်ဖို့ အစီအစဉ်နဲ့ ပတ်သက်တဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးရဲ့ အဆိုပြုချက်ကို ရုရှားသမ္မတနန်းတော်က သြဂုတ် ၂၈ ရက်မှာ ပယ်ချခဲ့ပြီး ယူကရိန်းမှာ ရုရှားရဲ့ အထူးစစ်ဆင်ရေးကို ဆက်လုပ်သွားမယ်လို့ ပြောလိုက်ပါတယ်။
လူသိရှင်ကြားထုတ်မပြောသေးတဲ့ အသေးစိတ် အချက်အလက်တွေကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ သူ့ရာထူးကို ဆက်ခံမယ့် အလားအလာ ရှိသူ ၂ ဦးဆီ တင်ပြမယ်လို့ ဇလန်းစကီးက အင်္ဂါနေ့က ပြောခဲ့ပါတယ်။
ယူကရိန်းရဲ့ သုံးပတ်ကြာ ရုရှားနိုင်ငံ ကာ့က်ခ်စ် ဒေသဆီ ကျုးကျော်ဝင်ရောက်မှုဟာ သူ့အစီအစဉ် တစိတ်တပိုင်းဖြစ်ပေမယ့် စီးပွားရေးနဲ့ သံတမန်ရေးရာမျက်နှာစာမှာ တခြားအဆင့်တွေ ပါတယ်လို့ ပြောခဲ့ပါတယ်။
ရုရှားနိုင်ငံအတွင်း နက်နက်ရှိုင်းရှိုင်း ထိုးနှက်တိုက်ခိုက်ဖို့ ယူကရိန်းတပ်ဖွဲ့တွေကို တာဝေးပစ်လက်နက်တွေကို သုံးခွင့် ပေးဖို့ အမေရိကန် အစိုးရကို ဖိအားပေးနေတဲ့ ဇလန်းစကီးရဲ့ အကြံအစည်က ရုရှားအစိုးရကို စစ်ပွဲအဆုံးသတ်စေရေး တွန်းအားပေးနေပါတယ်။
ယူကရိန်းမှာ ငြိမ်းချမ်းစွာဖြေရှင်းရေးအတွက် အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီက သူ့ အကူအညီကို အကြံပြုတင်ပြရာမှာ အိန္ဒိယဘက်က နိုင်ငံရေးနဲ့ သံတမန်နည်းလမ်းတို့နဲ့ ပြေလည်မှုရဖို့ အမြဲတစေ ထောက်ခံခဲ့တယ်လို့ ရုရှား သမ္မတနန်းတော် ပြောခွင့်ရက ပြောပါတယ်။
Source-Reuters