ရုရှားနိုင်ငံတောင်ပိုင်း ရက်စ်တို့ဗ် ဒေသက ရေနံသိုလှောင်စခန်းမှာ သိုလှောင်ကန် အများအပြား မီးလောင်နေပုံကို ဂြိုဟ်တုကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ရိုက်တာ သတင်းဌာနက သြဂုတ် ၂၈ ရက်မှာ ထုတ်လွှင့်ခဲ့တာပါ။
ယူကရိန်းက ဒရုန်းနဲ့တိုက်ခိုက်လို့ မီးလောင်ခဲ့တာ ဖြစ်ပြီး ထိခိုက်သေဆုံးမှုမရှိဘဲ မီးသတ်သမားတွေက မီးငြှိမ်းသတ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဒေသန္တရအုပ်ချုပ်ရေးမှူး ဗာစီးလီး ဂိုလူဘဲ့ဗ်က ပြောပါတယ်။
ရုရှား လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့တွေက ဒေသအနှံ့မှာ ဒရုန်း ၄ စင်းကို ညတွင်းချင်း ဖျက်ဆီးခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ရေနံသိုလှောင်စခန်းကို တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ရည်ညွှန်း ပြောဆိုတာ မလုပ်ခဲ့ပါဘူး။ ယူကရိန်း ဘက်ကလည်း ချက်ချင်းမှတ်ချက်မပေးသေးပါဘူး။
Source-Reuters