ယူကရိန်းအရှေ့ပိုင်းရှိ ကူးဖျန့်စ်ခ်မြို့မှာ ဩဂုတ် ၂၈ ရက် မနက်အစောပိုင်းက မြို့ပေါ်ကို ရုရှား လေကြောင်းတိုက်ခိုက်မှုတခု လုပ်ခဲ့တာကြောင့် လူအချို့ သေဆုံးခဲ့ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ပြောကြားလိုက်ပါတယ်။
အရေအတွက် ဘယ်လောက် ဆိုတာတော့ မပြောခဲ့ဘဲ ကရီဗီးယီးရိမြို့ကို ရုရှားက ပဲ့ထိန်းဒုံးကျည်နဲ့ တိုက်ခိုက်မှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ကိုင်တွယ်ဖြေရှင်းနေရတယ်လို့ ဆိုပါတယ်။
ကူးဖျန့်စ်ခ်မြို့လယ်ကောင်တည့်တည့်မှာပဲ ပဲ့ထိန်းလေကြောင်းဗုံးနဲ့ တိုက်ခိုက်ခံခဲ့ရလို့ အပျက်အစီးတွေအောက်မှာ လူတွေ ရှိနေတုန်းပဲ၊ ကံမကောင်းစွာဘဲ သေဆုံးမှုတွေရှိတယ်လို့ ဇလန်စကီးက ပြောပါတယ်။
ဒါ့အပြင် ယူကရိန်းရဲ့ တာဝေးပစ် လေကြောင်းတိုက်ခိုက်မှုအပေါ် အနောက်နိုင်ငံတွေရဲ့ ကန့်သတ်ချက်တွေကို ရုတ်သိမ်းသင့်ပြီး ဒါဟာ ယူကရိန်းနဲ့ ကမ္ဘာတခုလုံးအတွက် တရားမျှတတဲ့ နည်းလမ်းနဲ့ စစ်ပွဲကို တတ်နိုင်သမျှ မြန်မြန်အဆုံးသတ်ဖို့ အထောက်အကူပြုတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
Source-Reuters