လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း နိုင်ငံခြားလက်နက်တွေ တင်ဆောင်လာတဲ့ ယူကရိန်း ရထားတစင်းကို ဖျက်ဆီးခဲ့တယ်လို့ ရုရှားစစ်တပ်က စက်တင်ဘာ ၁၅ ရက်မှာ ပြောလိုက်ပါတယ်။
အဲဒီနေ့မှာပဲ ယူကရိန်းတပ်ဖွဲ့တွေက ရုရှားရဲ့ ထိုးစစ်တွေကို လမ်းကြောင်းအမျိုးမျိုးနဲ့ ချေမှုန်းခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။
ယူကရိန်း ပဋိပက္ခနဲ့ ပတ်သက်တဲ့ နောက်ဆုံးသတင်းတွေအနေနဲ့ ရုရှားစစ်တပ်က ခါခိဗ်၊ ဒန်ညက်စ်၊ ဇပ်ပါရိုချေ၊ ခါဆွန်နဲ့ တခြားလမ်းကြောင်းတွေကနေ ထိုးစစ်ဆင်ခဲ့ပြီး ယူကရိန်းရဲ့ တန်ပြန်တိုက်ခိုက်မှု ၁၇ ကြိမ်ကို ချေမှုန်းခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ရုရှားစစ်တပ်ဟာ နိုင်ငံခြားလက်နက်တွေ တင်ဆောင်လာတဲ့ ရထားတစီးကို တိုက်ခိုက်ခဲ့ပြီး ဒုံးကျည်တွေ၊ အမြောက်ကျည်တွေ သိုလှောင်ဖို့ ယူကရိန်းတပ်ဖွဲ့တွေ သုံးတဲ့ ဂိုထောင်ကို ဖျက်ဆီးခဲ့ပြီး ဒရုန်းတွေနဲ့ မောင်းသူမဲ့လှေတွေ စခန်းချထားတဲ့ နေရာအများအပြားကို ပစ်မှတ်ထားခဲ့တယ်လို့လည်း ပြောပါတယ်။
ရုရှားအာကာသတပ်ဖွဲ့နဲ့ လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့တွေဟာ ယူကရိန်း စစ်လေယာဉ် ၃ စင်းနဲ့ ဒရုန်း ၅၅ စင်းတို့ကို ပစ်ချခဲ့တယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ယူကရိန်းစစ်တပ်ရဲ့ စစ်ဦးစီးချုပ်က အဲဒီနေ့မှာပဲ စစ်ပွဲအစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့ပြီး ရှေ့တန်းနယ်မြေတွေမှာ တိုက်ပွဲပေါင်း ၁၀၀ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
Source-Reuters