Home
အားကစား
အလွတ်ရေငုပ်ပြိုင်ပွဲတွင် ရုရှားနိုင်ငံသား ကမ္ဘာ့စံချိန်တင်
DVB
·
September 16, 2024
Photo-ICARUS SPORTS

ပြင်သစ်နိုင်ငံ၊ အဂျာစီယိုမြို့ရဲ့ ကော်စီကာကျွန်းမှာ ကျင်းပခဲ့တဲ့ AIDA ကမ္ဘာ့ချန်ပီယံရှစ် အလွတ်ရေငုပ်ပြိုင်ပွဲမှာ ရုရှားနိုင်ငံသား အဲလက်စ်ဆီ မိုလ်ချန်နော့ဗ်က ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။

မကြာသေးတဲ့ တနင်္ဂနွေနေ့မှာ မိုလ်ချန်နော့ဗ်က ရေယက်ပြား ၂ ခုနဲ့အတူ CWTB မြေထဲပင်လယ်ရဲ့ ၁၂၅ မီတာအနက်အထိကို အဆင်း အတက် ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်တုန်းက သူကိုယ်တိုင်တင်ထားခဲ့တဲ့ ကမ္ဘာ့စံချိန်ဟောင်းကို ဒီရုရှားနိုင်ငံသားက ၁ မီတာအသာနဲ့ ချိုးဖျက်နိုင်ခဲ့တာပါ။

တရက်တည်းမှာတင် ဆုအမျိုးအစားအားလုံးကို ကြေညာပေးခဲ့ပေမဲ့လည်း ရလဒ် အနှစ်ချုပ်ချိန်မှာတော့ ကမ္ဘာ့စံချိန်ရှင်က ဆွတ်ခူးနိုင်ခဲ့ခြင်း မရှိပါဘူး။

ဒီလိုမျိုး ဆုရရှိသူတွေဟာ ရေငုပ်ပြိုင်ပွဲ အမျိုးအစား ၄ ခုစလုံးမှာ ခံနိုင်ရည်ရှိကြောင်း သက်သေပြရတာမျိုး ဖြစ်ပါတယ်။

အလွတ်ရေငုပ်ပြိုင်ပွဲရဲ့ မတူညီတဲ့ စည်းကမ်း ၄ ခုထဲမှာတော့ ဘာအကူအညီမှမပါဘဲ ကြိုးနဲ့သာ အတက် အဆင်းလုပ်ရတဲ့ FIM၊ ရေယက်ပြားတခုသုံး CWT၊ ကြိုးရော/ရေယက် ပြားပါ မပါဝင်တဲ့ CNF နဲ့ ရေယက်နှစ်ခုပြား ၂ ခုသုံး CWTB တို့ ပါဝင်ပါတယ်။

နောက်ထပ် ရုရှားနိုင်ငံသူဖြစ်တဲ့ မာရီယားနား ဂီလစ်စပီ ကလည်း အမျိုးသမီးရေငုပ်ပြိုင်ပွဲကို ၃ နှစ်ဆက်တိုက် အနိုင်ရရှိခဲ့ပါတယ်။

အဲဒီ ရုရှားနိုင်ငံသူဟာ ကော်စီကာပြိုင်ပွဲရဲ့ အမျိုးအစား ၄ ခုထဲက ၃ ခုဖြစ်တဲ့ FIM, CNF နဲ့ CWTB တို့မှာ ဆုအသီးအသီး ရရှိခဲ့တာပါ။

ခရိုအေးရှားနိုင်ငံသား ပီတာ ကလိုဗာ ကတော့ အမျိုးသားရေငုပ်ပြိုင်ပွဲကို အနှစ်ချုပ် အနိုင်ရခဲ့ပြီး FIM မှာ ရွှေတံဆိပ်နဲ့ CWTB မှာ ကြေးတံဆိပ်ဆု ရရှိခဲ့ကြောင်း သိရပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013