ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) မှာ မေ ၁၉ ရက်က အာဏာသိမ်းဖို့ ကြိုးပမ်းမှု မအောင်မမြင် ဖြစ်ပြီးတဲ့နောက် ကင်ရှာဆာမြို့တော် စစ်ခုံရုံးက အမေရိကန် ၃ ယောက် အပါအဝင် အာဏာသိမ်းဖို့ ကြံစည်သူ ၃၇ ယောက်ကို သေဒဏ်ချမှတ်ခဲ့ပါတယ်။
စုစုပေါင်း လူ ၅၁ ယောက်ကို မြို့တော် ကင်ရှာဆာက စစ်ခုံရုံးက စစ်ဆေးခဲ့ပြီး ကြားနာမှုကို အမျိုးသားရုပ်မြင်သံကြားကနေ ထုတ်လွှင့်ခဲ့ပါတယ်။
အာဏာသိမ်းဖို့ ကြိုးပမ်းမှုရဲ့ ခေါင်းဆောင် ခရစ္စယံ မာလန်ဂါရဲ့ သား မာဆယ်လ် မာလန်ဂါ အပါအဝင် ရာဇဝတ်အသင်းအဖွဲ့တွေနဲ့ ပေါင်းသင်းမှု၊ တိုက်ခိုက်မှုနဲ့ အကြမ်းဖက်ဝါဒဆိုင်ရာ ပြစ်မှုတွေအတွက် အမေရိကန် ၃ ယောက်တို့ကို သေဒဏ်ချမှတ်ခဲ့ပါတယ်။
ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံရဲ့ ဆိုးရွားတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး စိုးရိမ်လို့ အမေရိကန် အကျဉ်းထောင်တွေမှာ သူ့နိုင်ငံသားတွေ ထောင်ဒဏ်ကျခံဖို့ အမေရိကန်ဆီ လွှဲပြောင်းပေးဖို့ အမေရိကန်အစိုးရက တောင်းဆိုခဲ့တယ်လို့ ကွန်ဂိုအရာရှိတချို့က ဆိုပါတယ်။
ဒါပေမဲ့ ဒီတောင်းဆိုချက်အပေါ် ကွန်ဂိုအာဏာပိုင်တွေက ဆုံးဖြတ်ချက် မချသေးပါဘူး။
တရားခွင်မှာ တရားခံ ၁၄ ယောက်ကို တရားသေလွှတ်ပေးခဲ့ပါတယ်။ လူသိနည်းတဲ့ ပြိုင်ဘက် ခရစ္စယံ မာလန်ဂါ ဦးဆောင်ပြီး “အာဏာသိမ်းဖို့ ကြိုးပမ်းမှု” ဟာ မေ ၁၉ ရက် အစောပိုင်းမှာ ကျရှုံးခဲ့ပြီး ဦးဆောင်သူကိုယ်တိုင် အပါအဝင် လူ ၆ ယောက် သေဆုံးခဲ့တယ်လို့ စစ်တပ်က ပြောပါတယ်။
Source-Reuters