Home
နိုင်ငံတကာ
ကွန်ဂိုအကျဉ်းထောင်ဖောက်ချိန်အတွင်း အမျိုးသမီး ၂၆၀ ကျော် လိင်ပိုင်းစော်ကားခံရ
DVB
·
September 13, 2024
Photo-REUTERS / CONGOLESE INTERIOR MINISTRY / VIDEO OBTAINED BY REUTERS

အခုလအတွင်း ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ မာ့ကလာ ဗဟိုအကျဉ်းထောင်က အစုလိုက်အပြုံလိုက် လွတ်မြောက်ဖို့ ကြိုးပမ်းမှုအတွင်း အမျိုးသမီး အကျဉ်းသား ၂၆၀ ကျော် လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရကြောင်း ရိုက်တာက သုံးသပ်ထားတဲ့ ကုလသမဂ္ဂအဖွဲ့တွင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကင်ရှာဆာ အကျဉ်းထောင်မှ လွတ်မြောက်ဖို့ ကြိုးပမ်းနေခဲ့တဲ့ အကျဉ်းသားတွေကို အကျဉ်းထောင်စောင့်တွေက တိုက်ရိုက်ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၁၂၉ ယောက် သေဆုံးခဲ့ပါတယ်။

တရားဝင်ကိန်းဂဏန်းတွေအရ အဲဒီထောင်ဟာ အကျဉ်းသား ၁,၅၀၀ လောက် ဆံ့ပေမဲ့ လူပေါင်း ၁၅,၀၀၀ ကျော် ထားရှိထားကြောင်း သိရပါတယ်။

စက်တင်ဘာ ၂ ရက် အစောပိုင်းက ထောင်ဖောက်ပြေးဖို့ ကြိုးပမ်းခဲ့ပြီးနောက်မှာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာဖြစ်တယ်လို့ အစိုးရက ပြောပါတယ်။

ဒါပေမဲ့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ရိုက်တာက မြင်တွေ့ခဲ့ရတဲ့ ကုလသမဂ္ဂအဖွဲ့တွင်း  အစီရင်ခံစာမှာတော့ ဝရုန်းသုန်းကား အခြေအနေတွေ ဖြစ်ပျက်နေချိန်မှာပဲ မာ့ကလာထောင်မှာ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီး ၃၄၈ ယောက်ထဲမှာ ၂၆၈ ယောက် မုဒိမ်းမှု အပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကျူးလွန်ခံခဲ့ရတာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ သူတို့ထဲက ၁၇ ယောက်ဟာ အသက် ၁၉ နှစ်အောက်တွေ ဖြစ်ကြပါတယ်။

ကျူးလွန်ခံရသူ တယောက်ချင်းစီအတွက် တိုက်ခိုက်မှုအလွန် ပစ္စည်းအစုံလိုက်နဲ့ ၇၂ နာရီအတွင်း အရေးပေါ်သန္ဓေတားဆေးတွေ လိုအပ်နေတာကြောင့် အစီရင်ခံစာထဲမှာ ကျူးလွန်ခံရသူ အရေအတွက်ကို အသေးစိတ် ဖော်ပြထားပါတယ်။

အစိုးရပြောရေးဆိုခွင့်ရှိသူက စက်တင်ဘာ ၁၂ ရက်မှာ မှတ်ချက်ပေးဖို့ တောင်းဆိုချက်အပေါ် ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013