ကမ္ဘာပေါ်မှာ တစုံတည်းရှိတဲ့ ဘရာဇီးကြံ့သူတော် အမြွှာမောင်နှမကို တရုတ်နိုင်ငံ၊ ကွမ်တုံပြည်နယ်၊ ကွမ်ကျိုးက ချိုင်းလုံ ဆာဖာရီဥယျာဉ်မှာ ပြသခဲ့ပါတယ်။
စက်တင်ဘာ ၄ ရက်မှာ မွေးဖွားစဉ်က အထီးလေးက ၇ ဒသမ ၂ ကီလိုဂရမ်ရှိပြီး အမလေးက ၇ ဒသမ ၁ ကီလိုဂရမ် ရှိပါတယ်။
အခု အများရှေ့မှောက် ပြသချိန်မှာတော့ နှစ်ကောင်စလုံး ၉ ကီလိုဂရမ်နီးပါးစီ ရှိနေကြပြီဖြစ်ပါတယ်။
ဘရာဇီးကြံ့သူတော်တွေကို မြေနိမ့်ပိုင်းကြံ့သူတော်လို့လည်း သိကြပြီး တောင်အမေရိကတိုက်က မျိုးနွယ်ဖြစ်ပါတယ်။
ဘရာဇီးကြံ့သူတော်တွေဟာ အမေဇုန်တောထဲမှာ အကြီးဆုံး ဒေသခံ နို့တိုက်သတ္တဝါတွေလည်း ဖြစ်ပါတယ်။
Source-Reuters